October 22, 2024

၁၅.၁၁.၂၀၂၂

Written by Tha Doe

ASEAN ၏ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်မှုအပေါ်တွင် SAC အနေဖြင့် ပူးပေါင်းပါဝင်ပါရန် အမေရိကန်ပြည်ထောင်စု သမ္မတ H, E Joe Biden ၏ တိုက်တွန်းချက်ကို PPST အနေဖြင့် ထောက်ခံကြိုဆိုပါကြောင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ(PPST) ထုတ်ပြန် ကြေညာသည်။

PPST ၏ ကြေညာချက်တွင် အချက် ၄ ချက်ဖြင့် ဖော်ပြထားပြီး ASEAN ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံအား တရားဝင် လွှဲပြောင်းပေးပြီးဖြစ်၍ အင်ဒိုနီးရှား သမ္မတ ဦးဆောင်မှုအပေါ် PPST က ကြိုဆိုဂုဏ်ပြုပါကြောင်းနှင့် မြန်မာပြည်၏ နိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်သည်ဟု ဖော်ပြသည်။

ASEAN ၏ အတွင်းရေးမှူးချုပ် H.E Lim Jock Hoi အစား အတွင်းရေးမှူးချုပ်အသစ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူ H.E Kao Kim Hourn အား ခန့်အပ်မှုအပေါ်  PPST က ကြိုဆိုဂုဏ်ပြုကြောင်းနှင့် မြန်မာပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို AHA Ceriter နှင့် ပူးပေါင်း လက်တွဲဆောင်ရွက်သွားရန် PPST အနေဖြင့် အဆင်သင့်ရှိပါကြောင်းလည်း သိစေအပ်သည်ဟုဆိုသည်။

ASEAN ၏ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်မှုအပေါ်တွင် SAC အနေဖြင့် ပူးပေါင်းပါဝင်ပါရန် အမေရိကန်ပြည်ထောင်စု သမ္မတ H, E Joe Biden ၏ တိုက်တွန်းချက်ကို မိမိတို့ PPST အနေဖြင့် ထောက်ခံကြိုဆိုသည်ဟုလည်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ နိုင်ငံရေးသဘောထားကို NLD-ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်ကို မိမိတို့ PPST အနေဖြင့် ထောက်ခံကြိုဆိုသည်ဟုလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *