October 19, 2024

၂၇.၁၀.၂၀၂၃
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုကို များစွာ ရရှိထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခံခဲ့ရတဲ့ ၄ ရက်သားအရွယ် သမီးငယ်လေးကို ယနေ့ အောက်တိုဘာ ၂၇ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။

“ကျွန်မ လက်နဲ့ သင်္ဂြိုလ်ပေးရမဲ့ ရေစက်ကံလေး ပါလာတဲ့ သမီးလေး နောက်ဘဝဆက်တိုင်း မိဘနှစ်ပါးစုံလင်စွာ မွေးဖွားပါစေ။ ကောင်းရာ မွန်ရာ ရောက်ပါစေနော်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_14-45-05-768x1024.jpg

မွေးကင်းစ သမီးကလေးငယ်ကို အောက်တိုဘာ ၂၃ ရက် ည ၉ နာရီက မရမ်းကုန်းမြိုနယ် (၈) ရပ်ကွက် မြစပါယ်လမ်းရဲ့ ရထားသံလမ်းဘေးမှာ စွန့်ပစ်ခဲ့ပြီး မြန်မာ့ကြယ်ဖြူ ပရဟိတအသင်းရဲ့ ဆက်သွယ်လာမှုနဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက သွားရောက်ခေါ်ယူခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းသေဆုံးခဲ့တာပါ။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ” တည်ထောင်ပြီး မိဘမဲ့ကလေးတွေ ၊ ရင်ခွင်မဲ့ ကလေးငယ် ၈၀ ကျော်လောက်ကိုလည်း ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။ သူမ မွေးစားထားတဲ့ ကလေးငယ်တွေကို နို့စို့အရွယ်ရောက်လာတဲ့အထိ ပြုစုပေးပြီး ကျောင်းနေအရွယ်ရောက်ချိန်မှာလည်း ပညာ သင်ကြားပေးနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *