October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာဈေးကျဆင်းနေပြီး ပြင်‌ပရွှေဈေးနှုန်းပါ အနည်းငယ်ကျဆင်းနေချိန်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)က သတ်မှတ်ရည်ညွှန်း ရွှေဈေးနှုန်းကို ကျပ် ၃,၁၁၀,၂၀၀ အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။

ယခင်က YGEA ၏ သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၁ သိန်းခွဲဝန်းကျင်သာ သတ်မှတ်ခဲ့ရာမှ အောက်တိုဘာ ၇ ရက်မှစ၍ ကျပ် ၂၈ သိန်းခွဲဝန်းကျင်၊ အောက်တိုဘာ ၁၇ ရက်တွင် ကျပ်သိန်း ၃၀ ကျော်သို့ စတင်တိုးမြှင့်သတ်မှတ်ခဲ့သည်။ ယနေ့တွင် ကျပ် ၃၁ သိန်းကျော်သို့ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက် (ယနေ့)တွင် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၂၃၀ သာရှိပြီး ငါးရက်အတွင်း တစ်ဒေါ်လာ ၅၀ ဆက်လက်ကျဆင်းခဲ့သည်။ ထို့အတူ ပြင်ပရွှေဈေးနှုန်းလည်း ဈေးနှုန်းပြောင်းလဲမှု ကြီးကြီးမားမားမဖြစ်ခဲ့ဘဲ ငါးရက်အတွင်း ကျပ်ငါးထောင် ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ၁,၉၈၇ ဒေါ်လာဖြစ်ပေါ်ခဲ့ပြီး ခုနစ်ဒေါ်လာမြင့်တက်ခဲ့သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများ ဖြစ်ပေါ်မှုအခြေအနေမှာ အောက်တိုဘာ ၂၄ ရက်တွင် ရွှေဈေးနှုန်း ၃,၄၅၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၇၀ ကျပ်၊ အောက်တိုဘာ ၂၅ ရက်တွင် ရွှေဈေးနှုန်း ၃,၄၄၃,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၆၀ ကျပ်၊ အောက်တိုဘာ ၂၆ ရက်တွင် ရွှေဈေးနှုန်း ၃,၄၄၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၅၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *