October 19, 2024

၂၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ံငံလေတပ်မှ Shenyang J-11 ပန်ကာနှစ်လုံးတပ် တိုက်လေယာဉ်တစ်စီးက မထိန်းချုပ်နိုင်သည့်အမြန်နှုန်းနှင့်အတူ အမေရိကန်လေတပ်မှ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ် ဘီ-၅၂ လေယာဉ်ကြီးတစ်စီးအနီးသို့ ၁၀ ပေ ခန့်သာကွာသည်အထိ အောက်တိုဘာ ၂၄ ရက်ညက ချဉ်းကပ်ပျံသန်းခဲ့ရာ တောင်တရုတ်ပင်လယ် ဝေဟင်တွင် လေယာဉ်နှစ်စီးမတော်တဆတိုက်မိတော့မလိုဖြစ်ခဲ့ရကြောင်း အမေရိကန်စစ်ဖက်က အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်စစ်ဖက်မှ ကြေညာချက်တွင် တရုတ်တိုက်လေယာဉ်က အရှိန်မြှင့်တင်မောင်းနှင်လျက် အန္တရာယ်ဖြစ်နိုင်သောအကွာအဝေးအထိ ချဉ်းကပ်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်စစ်ဖက်မှ ထုတ်ပြန်သော ဗီဒီယိုတွင်လည်း J-11 လေယာဉ်က ဗုံးကြဲလေယာဉ်ကြီးအနီးသို့ လျှင်မြန်စွာ ချဉ်းကပ်လာခဲ့ကာ အမေရိကန်လေယာဉ်ကြီး၏ အရှေ့ဘက်နှင့် တောင်ပံအောက်ဘက်တို့သို့ ဖြတ်ပျံသွားခဲ့သည်ကို တွေ့ကြရသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍တရုတ်နိုင်ငံအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောတုံ့ပြန်ပြော ကြားမှု တစ်စုံတစ်ရာမပြုလုပ်သေးကြောင်း သိရသည်။သို့သော် မေလအတွင်းကလည်း အလားတူဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ရာ တရုတ်အစိုးရက အမေရိကန်၏ပြောဆိုပြစ်တင်မှုများကို ပယ်ချခဲ့ပြီး အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်ပြင်တွင် အလားတူ လေယာဉ်ပျံသန်းမှုများအဆုံးသတ်ရန် တောင်းဆိုခဲ့သည်။
Ref—– AP

Leave a Reply

Your email address will not be published. Required fields are marked *