October 19, 2024

၂၆. ၁၀. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင်အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများလက်ထဲမှ ပြန်လည်ကယ်တင်နိုင်ခဲ့သော နိုင်ငံခြား သား ၂၀၀ နီးပါးတွင် ဗီယက်နမ်နိုင်ငံသားအနည်းဆုံး ၆၁ ဦး ပြန်ကယ်ထုတ်နိုင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းက နိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်း အသုံးပြုကာ လိမ်လည်မှုများ၊ရာဇဝတ်များကျူးလွန်နေသည့် ဂိုဏ်းများလက်ထဲမှ လူပေါင်း ၂၀၀ နီးပါးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း Pham Thu Hang က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-27_14-24-00.jpg

၎င်းက” မြန်မာအာဏာပိုင်တွေဟာ အွန်လိုင်းအသုံးပြုကာလိမ်လည်နေတဲ့ ဂိုဏ်းတွေလက်ထဲကနေ လူပေါင်း ၂၀၀ နီးပါးပြန်ကယ်ထုတ်နိုင်ခဲ့တာကို ဗီယက်နမ်သံရုံးကို အကြောင်းကြားခဲ့တယ်။ အဲဒီပြန်ကယ်ထုတ်ခဲ့သူတွေထဲမှာ ဗီယက်နမ်နိုင်ငံသားတွေလည်း ပါဝင်နေတယ်လို့ မြန်မာအာဏာပိုင်တွေက အသိပေးခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးဟာ မြန်မာအာဏာ ပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဗီယက်နမ်နိုင်ငံ သားတွေကို မိခင်နိုင်ငံ ပြန်ပို့နိုင်ဖို့ လိုအပ်တာတွေကို ကူညီပေးသွားမယ်”ဟု ပြောသည်။

တရုတ်အစိုးရသည် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့်ဂိုဏ်းများကို ဖြိုခွင်းခဲ့ပြီးနောက် အဆိုပါဂိုဏ်းများသည် မြန်မာနယ်စပ်ဒေသများနှင့် ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းသို့ အခြေပြုလှုပ်ရှားခဲ့ကြောင်း သိရသည်။ မြန်မာအစိုးရသည် နိုင်ငံအတွင်းရှိ အွန်လိုင်းမှတစ်ဆင့်လိမ်လည်နေသည့်ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရန်အတွက် တရုတ် ၊ ထိုင်း ၊ လာအိုတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-27_14-24-03.jpg

မြန်မာအာဏာပိုင်များသည် နိုင်ငံအတွင်းရှိ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများ၊ ရာဇဝတ်မှုများ၊ လူကုန်ကူးမှုများ ကျူးလွန်နေသည့် ဂိုဏ်းများကို ဖြိုခွင်းလျက်ရှိနေရာ သြဂုတ်လမှ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသား ၅၀၀၀ နီးပါးကို တရုတ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိုဏ်းများသည် အလုပ်အကိုင်အခွင့်အလမ်းကောင်းများနှင့် မြင့်မားသော လစာများရရှိမည်ဟု အွန်လိုင်းမှတစ်ဆင့် ခေါ်ယူခဲ့ပြီးနောက် ၎င်းတို့ထံ လာရောက်ခဲ့သော ပြည်ပနိုင်ငံသားများကို အွန်လိုင်းမှတစ်ဆင့် လိမ်လည်သည့်လုပ်ငန်းများလုပ်ကိုင်ရန် အတင်းအကြပ်ခိုင်းစေခြင်းများရှိနေခဲ့ကြောင်း သိရသည်။

Ref; /vnexpress

Leave a Reply

Your email address will not be published. Required fields are marked *