October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by Pan Ei

ဟောင်ကောင်မှာ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကလေးမွေးဖွားမယ့် မိဘတွေကို အမေရိကန်ဒေါ်လာ ၂,၅၅၆ ပေးဆောင်မှာဖြစ်ပေမဲ့ အဆိုပါ ပမာဏဟာ ဟောင်ကောင်မှာ နေထိုင်သူတွေအတွက်တော့ အိမ်ငှားခ တစ်လစာအတွက်တောင် လုံလောက်မှုမရှိတာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အမျိုးသမီးတစ်ဦးကို ကလေးမွေးဖွားနှုန်း သုည ဒသမ ၉ ရာခိုင်နှုန်းအောက်ကို စံချိန်တင်နိမ့်ဆင်းနေတဲ့ ဟောင်ကောင်ရဲ့ အမှုဆောင်အရာရှိချုပ် ဂျွန်လီကာချီယူက နှစ်ပတ်လည် မူဝါဒ မိန့်ခွန်းမှာ အခုကစပြီး ၂၀၂၆ ခုနှစ်အထိ ကလေးမွေးဖွားမှုနှုန်းကို မြင့်တင်ဖို့ ကြိုးပမ်းမှုအနေနဲ့ ကလေးမွေးဖွားမယ့် မိဘတွေကို ဟောင်ကောင်ဒေါ်လာ ၂ သောင်း ပေးအပ်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ကမ်းတဲ့ပမာဏဟာ ရက်ရောတယ်လို့ထင်ရပေမဲ့ တခြားအရှေ့အာရှက ကလေးမွေးဖွားနှုန်းနည်းနေတဲ့ တခြားနိုင်ငံတွေ ကမ်းလှမ်းထားတဲ့ မက်လုံးတွေနဲ့ ယှဉ်ရင် နည်းနေတာဖြစ်ပါတယ်။

ကလေးမွေးဖွားနှုန်း ၁ ဒသမ ၀၅ ရာခိုင်နှုန်းသာရှိတဲ့ စင်္ကာပူမှာ ပထမနဲ့ ဒုတိယကလေးအတွက် ဒေါ်လာ ၈,၀၃၆၊ တတိယကလေးအတွက် ဒေါ်လာ ၉,၄၉၇ နဲ့ သားဖွားခွင့်လေးပတ်တို့အပြင် တခြားသော အကျိုးခံစားခွင့်တွေပေးထားပြီး ကလေးမွေးဖွားနှုန်း ၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိတဲ့ တောင်ကိုရီးယားမှာ ကလေးအသက်တစ်နှစ်မပြည့်မီအထိ တစ်လကို ၅၁၈ ဒေါ်လာ ထောက်ပုံပေးသလို လာမယ့်နှစ်မှာ ဒေါ်လာ ၇၄၀ အထိ မြင့်တက်လာဖွယ်ရှိနေပါတယ်။

ဟောင်ကောင်မှာ ကြီးမားလှတဲ့ အိမ်ဈေး၊ တိုက်ခန်းဈေးတွေနဲ့ လူနေမှုစရိတ်တွေ မြင့်တက်လာတာကြောင့် ဇနီးမောင်နှံများစွာက ကလေးမွေးဖွားဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြပြီး “ကလေးယူချင်တဲ့သူတွေကတော့ ဟောင်ကောင်ဒေါ်လာ ၂၀၀၀၀ ကြောင့်တင်မဟုတ်ဘူး။ ယူမှာပါပဲ။ ငွေကြေးအကြပ်အတည်းကြောင့် မယူချင်တဲ့သူတွေတော့ ဒီပမာဏလောက်ကြောင့် စိတ်ပြောင်းမှာမဟုတ်ဘူး”လို့ ဟောင်ဟောင်မှာ နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *