October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by KL

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန် ကနောင်(၇)လမ်းရှိ ဆိုးလ်ပြားစက်ရုံတွင် ယနေ့ နံနက် ၄ နာရီ ၂၆ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

စက်ရုံတွင် ပေါင်းခံထားသော ရာဘာဆိုးလ်ပြားများကို စနစ်တကျ အအေးခံထားခြင်းမရှိဘဲ အခန်းတွင်း စုပုံ၍ သိုလှောင်ထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ယင်းမီးလောင်မှုကို စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ မိနစ် ၂၀ ကျော်ကြာ လောင်ကျွမ်းခဲ့ပြီး အလျား ပေ ၂၀ ၊ အနံပေ ၂၀ ရှိ အုတ်ညှပ်၂ ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ခဲဲ့ကြောင်း၊ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂၀ ကျော်၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *