October 19, 2024

၂၇. ၁၀. ၂၀၂၃
Written By Thandar

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နာယကကြီးများကို သီတင်းကျွတ် ဂါဝရပြုပူဇော်ပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ကျင်းပခဲ့ပါတယ်။

“ဘဘတို့က ၁၉၅၄ ခုနှစ်ထဲက ရုပ်ရှင်လောကထဲရောက်ပြီးတော့ ရာသက်ပန်အသင်းဝင် ရုပ်ရှင်နဲ့ပြဇာတ်အစည်းအရုံးကို ဝင်ခဲ့တယ်။ စည်းရုံးရေးကောင်စီလက်ထက် အမှုဆောင်အနေနဲ့ ရုပ်ရှင်မှာ တောက်လျှောက်လုပ်လာတယ်။ သက်ကြီးပူဇော်ပွဲဆိုလည်း ၁၉၇၇ ခုနှစ်မှာ အဆောက်တေတွေ မရှိခင်ထဲက ဘဘတို့ စလုပ်ခဲ့ကြတယ်။ သက်ကြီးရွယ်အို ဘဝကို စိုပြေစေဖို့ ကြိုးပမ်းစို့ ကောင်စီလက်ထက်ထဲက လုပ်ခဲ့ကြတာပါ။ ဒီနေ့မှာတော့ ဘဘတို့က ကန်တော့ခံအရွယ်ကိုပြန်ရောက်လာကြတယ်။ဘဘတို့ မြန်မာလူမျိုးတွေရဲ့ ယဥ်ကျေး မှု ထုံးတမ်းအစဥ်အလာကို ထိန်းသိမ်းခဲ့တာ သိပ်ဝမ်းသာမိပါတယ်။ ဘဘအနေနဲ့ အစည်းအရုံးမှာ တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့တာဆိုရင် ရုပ်ရှင်သက် ၆၉ နှစ်ရှိပါပြီ။ ဒီရိုးရာယဥ်ကျေးမှုကို သယ်ဆောင်ကြတဲ့သူတွေကို ကျေးဇူးလည်းတင်တယ်”လို့ အသက် ၉၂ နှစ်အရွယ် အကန်တော့ခံ ဦးဌေးအောင် က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_13-22-50-1024x682.jpg

အဆိုပါအခမ်းအနား မတိုင်ခင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ဝါတွင်းကာလ ဝတ်ရွတ်ပူဇော်ခဲ့ခြင်းအနေနဲ့ အစည်းအရုံးမှာ သရုပ်ဆောင် မြင့်မြင့်ခင် ၊ ခင်သန်းနွယ် ၊ မတူး ၊ မြတ်သစ္စာ စတဲ့ အမှုဆောင်တွေက အပိတ်အနေနဲ့ ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။

နာယကကြီးတွေဖြစ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ စည်သူ ဦးကြည်စိုးထွန်း ၊ အကယ်ဒမီများရှင် မြင့်မြင့်ခင် ၊ ဦးအောင်လွင် ၊ ဦးဌေးအောင် ၊ ဦးနှင်းမိုး တို့ကို မုန့်ခြင်း ၊ ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) က ကျပ် ၅ သောင်း ၊ ရန်ကုန်တိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့က ကျပ် ၅ သောင်း တို့ကို လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ပြင် Mahar Application ကလည်း ရုပ်ရှင်အစည်းအရုံးမှာ သီတင်းကျွတ်ဂါရဝပြုပူဇော်တဲ့အနေနဲ့ မုန့်ခြင်းတွေနဲ့ အလှူငွေတွေထည့်ဝင် လှူဒါန်းပေးခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_13-22-53-1024x682.jpg

အသက် ၉၀ အရွယ် ကန်တော့ခံ ထပ်ဆင့်အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က “နာယကကြီးတွေကို နှစ်စဥ်နှစ်တိုင်း ရန်ကုန်တိုင်း ၊ ဗီဒီယိုအခြေခံအဖွဲ့တွေ လာပြီး အမှတ်တရလာပြီ ကန်တော့တဲ့အတွက် အမေ့ အနေနဲ့ ဝမ်းသာပီတိဖြစ်တာပေါ့။ ကျန်းကျန်းမာမာရှိနေလို့လည်း လာရောက် အကန်တော့ခံနိုင်တာပါ။ သတိတရရှိလို့ အမေတို့ ဝမ်းသာတာပေါ့။ ​နောက်နှစ်တွေမှာလည်း အသက်ရှည်ရှည်နဲ့ အကန်တော့ခံ နိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ MTNews Entertainment ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *