October 19, 2024

MT News
၂၇. ၁၀. ၂၀၂၃

အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကယ်ထုတ်ရေးစီမံချက်အရ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၂၅ ရက်တွင် တဲလ်အဗီးမှ EI AI Airline LY 081 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာလာခဲ့ပြီး အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအမှတ် 8M 351 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများဖြစ်ကြသည့် မမိုးသီတာအောင်၊ မခင်နှင်းအိ၊ ဒေါလမိုင်းမိုင်ရွာနှင့် ဦးအောင်ကျော်ဦးတို့ လေးဦးဖြစ်သည်။ ၎င်းတို့လေးဦးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိသားစုဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *