October 19, 2024

◼️ ဂါဇာဒေသအတွင်း စစ်ပွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူပါလက်စတိုင်း ၇,၀၀၀ ကျော်ထိ ရှိလာ

၂၃. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သော အစ္စရေး-ဟားမားစ် စစ်ပွဲမှာ အမေရိကန်နှင့် ဒေသတွင်းအခြား စစ်သွေးကြွအုပ်စုများပါဝင်သည်အထိ ကူးစက်ပျံ့နှံ့လာခဲ့ပြီး အစ္စရေးကလည်း ဂါဇာကမ်းမြောင်အား မြေပြင်တိုက်ခိုက်မှုများပါ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်ညတွင်လည်း အစ္စရေးတပ်ဖွဲ့များက ဂါဇာအားမြေပြင်တိုက်ခိုက်ရေး ဒုတိယညထိုးစစ်ကို ဆက် လက်ပြုလုပ်နေကြောင်း အစ္စရေးဘက်ကပြောခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-10-27_13-47-20-1024x556.jpg

ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ပစ်မှတ်များကို အစ္စရေးဘက်မှ အောက်တိုဘာ ၂၆ ရက်တွင် ဆက်လက်ပြုလုပ်လျက်ရှိပြီး ဒေသအတွင်း လူနေအဆောက်အအုံများကိုထိမှန်၍ ပါလက်စတိုင်းများစွာ သေကြေခဲ့ရသည်။ ဂါဇာရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၇ ရက်မှစ၍ အစ္စရေးတို့၏တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ပါလက်စတိုင်း အနည်းဆုံး ၇,၀၂၈ ဦး ရှိသွားပြီဟု ပြောကြားခဲ့ကာ သေဆုံးရသူများ၏ အမည်စာရင်းထောင်နှင့်ချီ၍ထုတ်ပြန်ခဲ့သည်။ ၎င်းတို့တွင် ကလေးငယ် အများအပြားပါဝင်ကြောင်း တွေ့ကြရသည်။

ဟားမားစ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာက အစ္စရေးတို့၏ ဂါဇာကို ဝင်ရောက်တိုက်ခိုက်မှုက ဒေသတစ်ခုလုံး၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ပြောခဲ့သည်။

စစ်ပွဲကာလ၌ အစ္စရေးနိုင်ငံအတွင်း ဟားမားစ်တို့လက်ချက်ဖြင့် သေဆုံးရသူ ၁,၄၀၀ ကျော်ရှိကြောင်းနှင့် နိုင်ငံတောင်ပိုင်းမြို့များမှ ကယ်တင်ခဲ့ရသော အစ္စရေးနိုင်ငံသား ၁၂၅,၀၀၀ ဦးခန့်ရှိကြောင်းလည်း အစ္စရေးအာဏာပိုင်များက ပြောခဲ့သည်။

Ref——The Times of Israel, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *