October 19, 2024

၂၇.၁၀.၂၀၂၃
Written by Peya

ကြည့်မြင်တိုင်မြို့နယ်တွင် YBS ၂ စီးနှင့် ကွန်တိန်ယာ ၁ စီး ဆင့်တိုက်မှု ဖြစ်ပွားရာမှ ဒဏ်ရာရသူ ၃ ဦးရှိပြီး ၁ ဦးမှာ စိုးရိမ်ရ အခြေအနေရှိကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း ၉ နာရီ အချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် စာတိုက်ထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ YBS ၁၉ မှ ခရီးသည်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ရာတွင် အမျိုးသားမှာ စိုးရိမ်ရအခြေအနေ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-10-27_13-14-00.jpg

“YBS ၂ စီး တိုက်တာပေါ့။ အဲ့ဒါကို ဘေးက ကွန်တိန်နာက လွတ်တယ်ထင်ပြီးတော့ ဘေးကနေ ဖြတ်ဝင်တာပေါ့။ အဲ့ဒီမှာ သူပါ ထပ်တိုက်တာပေါ့။ ဖြစ်တာကတော့ YBS ၂ စီး တိုက်တာပါ။ ဘယ်လို တိုက်လဲဆိုတာတော့ မသိရပါဘူး။ သတင်းရလို့ သွားတဲ့အချိန် လူနာတွေတောင် အရေးပေါ် မို့လို့ တွေ့တဲ့ကားနဲ့ တင်လိုက်တယ်လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *