October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် ရော့ခ်ဂန္ထဝင်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ The Beatles ဟာ အဖွဲ့ပျက်ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာမှ နောက်ဆုံးသီချင်းကို ထုတ်ဝေတော့မှာဖြစ်ပြီး သီချင်းသစ်ဟာ လာမယ့်အပတ်ထဲမှာ ထွက်ရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

The Beatles ရဲ့ နောက်ဆုံးသီချင်းနာမည်က “Now and Then” လို့ အမည်ရပြီး ၁၉၇၀ ပြည့်လွန်ကာလတွေက အဖွဲ့ဝင် John Lennon ရဲ့ အကြမ်းသွင်းခဲ့တဲ့ အသံတွေအပေါ် အခြေခံပြီး မနှစ်က ကျန်အဖွဲ့ဝင်တွေဖြစ်တဲ့ Paul McCartney နဲ့ Ringo Starr တို့က အပြီးသတ်ဖန်တီးခဲ့တာဖြစ်ပါတယ်။

၁၉၈၀ ပြည့်နှစ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ John Lennon ရဲ့ အသံကို ကက်ဆက်အဟောင်းတစ်ခုကနေ AI နည်းပညာကို အသုံးပြုကာ သီချင်းသစ်ထဲမှာ ထည့်သွင်းမှာဖြစ်တယ်လို့ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Paul McCartney က အရင်နှစ်နွေရာသီက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_12-09-15-1024x640.jpg

Paul McCartney ဟာ အရင်ကတည်းက သူတို့ရဲ့ နောက်ဆုံးသီချင်းကို အပြီးသတ်ချင်နေခဲ့ပေမဲ့ အော်ဒီယိုနည်းပညာတိုးတက်မှုတွေကြောင့်သာ ခုလို နောက်ဆုံးမှာ ဖြစ်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

The Beatles အဖွဲ့ရဲ့နောက်ဆုံးသီချင်းမှာ အမှတ်ရဖွယ် တေးသံအသစ်တွေ၊ ဒရမ်တွေ၊ ဘေ့စ်၊ ဂစ်တာနဲ့ စန္ဒယားအသံတို့ကို ထည့်သွင်းခဲ့ပြီး The Beatles ရဲ့ အဖွဲ့ဝင်ဟောင်း George Harrison မကွယ်လွန်မီိ ၁၉၉၅ ခုနှစ်မှာ တီးခတ်ခဲ့တဲ့ လျှပ်စစ်နဲ့ acoustic ဂစ်တာအသံတွေပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဂီတသမိုင်းမှာ မှတ်တမ်းတစ်ခုကို ရေးထိုးနိုင်ခဲ့တဲ့ ရောခ့်ဂီတအဖွဲ့ The Beatles ရဲ့ နောက်ဆုံးအနေနဲ့ထွက်ရှိလာမယ့် သီချင်း “Now and Then” ကတော့ လာမယ့် နိုဝင်ဘာလ ၂ ရက်မှာ ထွက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *