October 19, 2024

MT News
၂၇. ၁၀. ၂၀၂၃

ဒီနေ့မနက် ဒေသစံတော်ချိန် မနက် ၄ နာရီကစပြီး MNDAA လက်အောက်က တပ်မဟာ ၂၁၁၊ တိုင်းရင်းသားတပ်မဟာ ၆၁၁ နဲ့ တပ်မဟာ ၅၁၁ လက်အောက်တပ်ခွဲတွေက ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နမ့်ကျွမ်း စတဲ့ဒေသတွေ တပ်စခန်းတွေကို မနက် ၅ နာရီအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MNDAA က ပြောပါတယ်။

ချင်းရွှေဟော်တံတားထိပ်၊ ဖောင်ဆိပ်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးမြို့ပြင်ဒေသက အထိုင်ချတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြား သေကြေဒဏ်ရာရခဲ့ပြီး လက်ရှိမှာတော့ ချင်းရွှေဟော်ဟာ MNDAA သိမ်းပိုက်ထားတယ်လို့ ကနဦးသိရပါတယ်။

ဒီရုပ်သံဟာ ဒီနေ့မနက် တိုက်ခိုက်ခဲ့တဲ့ မြင်ကွင်းတွေဖြစ်ပြီး MNDAA ဒုစစ်ဦးစီးချူပ်(ဗျူဟာမှူး)ဖုန်သက်ကျွင်း က ရှေ့တန်းစစ်မြေပြင်မှာ လိုက်ပါကွပ်ကဲပြီးအရှင်ဖမ်းဆီးရမိတဲ့ လခရတွေနဲ့ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်၊ ပျက်စီးမှုမြင်ကွင်းတွေ ဖြစ်ပါတယ်။

(Movies & Photo Credit)

Leave a Reply

Your email address will not be published. Required fields are marked *