October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by Nay Moe

MNDAA၊ AA နဲ့ TNLA မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ဒီနေ့စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ လားရှိုးမြို့မှာ ဒီမနက်ဖြစ်သွားတဲ့ တိုက်ပွဲတွေကြောင့် လားရှိုးလေဆိပ် အတက်အဆင်းကို ယာယီပိတ်ထားတယ်လို့ လေယာဥ်လက်မှတ်အရောင်းအဝယ်ပြုလုပ်သူတွေဆီက ကနဦးသိရပါတယ်။

“လားရှိုးလေဆိပ်အတက်အဆင်းကို ဆိုင်းငံ့ထားတယ်လို့ ကြားသိရပါတယ်။ လေယာဥ်လက်မှတ်ဝယ်ထားသူတွေကို ပြန်အမ်းတာဖြစ်ဖြစ် ပြန်ဖွင့်မဲ့ရက်သိမှ ရက်ရွှေ့ပေးတာဖြစ်ဖြစ် ပြန်လုပ်ပေးရမှာပါ” လို့ လေယာဥ်လက်မှတ်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_11-33-00-1.jpg

ဒီနေ့မနက်မှာ MNDAA၊ TNLA နဲ့ AA တို့သုံးဖွဲ့က လားရှိုး – မူဆယ်၊ လားရှိုး – ချင်းရွှေဟော် ပြည်ထောင်စုလမ်းပိုင်းတွေကို ပိတ်ဆို့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ လခရစခန်းတွေ၊ အစိုးရရုံးနေရာတွေတိုက်ခိုက်သတ်ဖြတ်နေတာကြောင့် ချင်းရွှေဟော် ဖောင်ဆိပ်စခန်း၊ လားရှိုး ဟိုပိတ်ဂိတ်တွေမှာ နိုင်ငံ့ဝန်ထမ်းအများအပြားသေဆုံးထားသလို ချင်းရွှေဟော်တံတား၊ သိန္နီတံတားတွေလည်း ချိုးပစ်လိုက်တယ်လို့ ကနဦးသတင်းတွေထွက်နေပြီး ပြည်သူတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုံစာ။ မြောက်ပိုင်းသုံးဖွဲ့ ပစ်ခတ်တိုက်ခိုက်သည့် လားရှိုး ဟိုပိတ်ဂိတ် ယနေ့မြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *