October 19, 2024

၂၇. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခြောက်နှစ်ကြာ တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်းလီကွတ်ချန်မှာ အောက်တိုဘာ ၂၆ ရက်တွင် နှလုံးရောဂါတိုက်ခိုက်မှုဒဏ်ကို ရုတ်တရက် ခံစားခဲ့ရပြီးနောက် အောက်တိုဘာ ၂၇ ရက်သို့အကူး ညသန်းခေါင်ကျော် ၁၂ နာရီ ၁၀ မိနစ်၌ ရှန်ဟိုင်းမြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သောလီကွတ်ချန်က ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကြာရှည်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့ပြင် ၎င်းက တရုတ်ကွန်မြူနစ်ပါတီ၏ ၁၇ ကြိမ်၊ ၁၈ကြိမ် နှင့် ၁၉ ကြိမ်မြောက် ညီလာခံများက တင်မြှောက်သော နိုင်ငံရေးဆိုင်ရာဗျူရို အမြဲတန်းကော်မတီအဖွဲ့ဝင်အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။

၎င်း၏ စျာပနအခမ်းအနားအစီအစဥ်ကိုမူ မထုတ်ပြန်သေးဟုသိရသည်။

Ref -Xinhua

Leave a Reply

Your email address will not be published. Required fields are marked *