October 19, 2024

၂၇. ၁၀. ၂၀၂၃
Written by Pan Ei

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဆိုးလ်မြို့ အီထယ်ဝမ် ဟောလိုးဝင်းပွဲတော်အတွင်း ကျဉ်းမြောင်းတဲ့ လမ်းကြားလေးထဲမှာ လူပိမှုကြောင့် လူပေါင်း ၁၆၀ နီးပါး သေဆုံးကာ လူအများအပြား ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်ရပ်ဆိုးကြီးဟာ လာမယ့် အောက်တိုဘာလ ၂၉ ရက်ဆို တစ်နှစ်ပြည့်မြောက်တော့မှာပဲဖြစ်ပါတယ်။

လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အဆိုပါ လမ်းကျဉ်းလေးကို မနေ့ (အောက်တိုဘာ ၂၆ ရက်) က အောက်မေ့ဖွယ်လမ်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက ပြောကြားခဲ့ပြီး အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_10-37-28.jpg

မနှစ်က အသက် ၂၀ နဲ့ ၃၀ အတွင်း လူငယ်အများစုဖြစ်တဲ့ လူထောင်ပေါင်းများစွာဟာ နိုင်ငံအတွင်း ပထမဆုံးကူးစက် ရောဂါအလွန် အားလပ်ရက်ပွဲတော်ကို ပျော်မွေ့ဖို့ လမ်းပေါ်ထွက်ခဲ့ကြပေမဲ့ ထိရောက်တဲ့ လူစုလူဝေးကိုထိန်းချုပ်ဖို့နဲ့ အကူအညီတောင်းရာမှာ အကြောင်းပြန်တုံ့ပြန်ရာမှာ အားနည်းခဲ့တဲ့ အဲ့ဒီညမှာ လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ကြရတာပါ။

အဆိုပါ အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲမှာ သေဆုံးသူတွေအတွက် ရာနဲ့ချီတဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ ဆုတောင်းစာတွေ ပြည့်နှက်နေတဲ့ စက္ကူမှတ်စုတွေကိုတွေ့ရပြီး အဲ့ဒီလမ်းကျဉ်းလေးကို “အောက်တိုဘာ ၂၉ ရက် အောက်မေ့ဖွယ်လမ်းကြား” အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-27_10-37-25.jpg

လူပိမှုကြောင့် ၂၈ နှစ်အရွယ်သမီး ဆုံးရှုံးခဲ့ရသူ လီ က ဖြစ်ရပ်ဆိုးကြီးဖြစ်ပွားပြီးကတည်းက ကျန်ရစ်သူမိသားစုတွေက အဖြေကို ရှာဖွေနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သလို နယ်မြေခံ တာဝန်ရှိသူတွေကတော့ တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပေမဲ့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ တရားဝင် ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးပါဘူး။

အခုနှစ်မှာတော့ ဒေသဆိုင်ရာအာဏာပိုင်တွေက လူစည်ကားတဲ့ ပါတီခရိုင်အချို့မှာ ဟောလိုးဝင်းပါတီတွေကို ပိတ်ပင်ထားပြီး ဟောလိုးဝင်းအားလပ်ရက်အတွက် ဆိုင်တွေ ဘားတွေမှာ ပရိုမိုးရှင်းမကျင်းပဖို့နဲ့ အလှဆင်တာတွေ မပြုလုပ်ဖို့ ပိတ်ပင်ထားပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *