October 19, 2024

၂၇. ၁၀.၂၀၂၃

Written by Nay Moe

၁၉၈၉ ခုနှစ်မှာ ဖုန်ကြားရှင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ သားဖြစ်တဲ့ ဖုန်တာ့ရွှင်ဦးဆောင်နေတဲ့ ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့က ဒီနေ့မနက်မှာ လားရှိုး- ချင်းရွှေဟော်- မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွေကို ပိတ်လိုက်ကြောင်း ကြေညာတဲ့အပြင် အချက်ငါးချက်ပါဝင်တဲ့ စစ်ဆင်ရေးကြေညာချက်တစ်ရပ်ကို ဒီနေ့မနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဖုန်တာ့ရွှင်ရဲ့ MNDAA ဟာ ဒီမနက် ၆ နာရီကစပြီး လားရှိုးက ချင်းရွှေဟော်၊ လားရှိုးကမူဆယ်လမ်းပိုင်းနှစ်ခုနဲ့ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ဆို့လိုက်ပြီး ဘယ်သူ့မှဖြတ်သန်းခွင့်မပြုတဲ့အပြင် ဆက်လက်ဖြတ်သန်းနေရင် ရန်သူ့သယ်ယူပို့ဆောင်ရေးယာဥ်တန်းသတ်မှတ်ပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

MNDAA ဟာ ဖုန်ကြားရှင် လက်ထက်မှာ ဗကပကခွဲထွက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) နဲ့ အပစ်အခတ်ရပ်စဲခဲ့လို့ ကိုးကန့်ဒေသကို ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဒေသ အစိုးရတစ်ရပ်ထူထောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့ပေမဲ့ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်အရေးမှာ ဖုန်ကြားရှင်ထွက်ပြေးရပြီး ၂၀၁၄ ဒီဇင်ဘာမှာ ကိုးကန့် MNDAA ကို ပြန်ဖွဲ့စည်းပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီမှာ လောက်ကိုင်ကို စစ်ရေးလှုပ်ရှားခဲ့ပေမဲ့ အရှုံးနဲ့တစ်ခါထွက်ပြေးခဲ့ရပြန်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ ဖုန်ကြားရှင်သေဆုံးခဲ့ပါတယ်။ MNDAA ဟာ ၂၀၂၁ ဖေဖော်ဝါရီကစပြီး စစ်ရေးတိုက်ခိုက်မှုပြန်လည်လုပ်ဆောင်ခဲ့သလို စစ်ရေးအရ စုဖွဲ့ထားတဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့(MNDAA, AA, TNLA နှင့် KIA)၊ ညီနောင်မဟာမိတ် သုံးဖွဲ့(MNDAA, AA နှင့် TNLA) နဲ့လည်း ပူးပေါင်းလှုပ်ရှားပါတယ်။

လက်ရှိ MNDAA ထုတ်ပြန်ချက်မှာဆိုရင် စစ်ဆင်ရေးရည်ရွယ်ချက်ငါးချက်အပြင် မဟာမိတ်တပ်ပေါင်းစုတစ်ရပ်ဖွဲ့စည်းတိုက်ခိုက်ဖို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *