September 18, 2024

၂၆. ၁၀. ၂၀၂၃
Wtitten by MMAK

ဒီနေ့ညမှာလည်း ယူရိုပါလိဂ်နဲ့ ဥရောပကွန်းဖရင့်လိဂ်ပွဲစဥ်တွေက ပွဲ အများအပြားရှိနေတာပါ။ အရင်ရက် ချန်ပီယံလိဂ်ညတွေမှာ ၅၀၊ ၅၀ ဆီပဲဖြစ်ဖြစ်နေခဲ့လို့ ပွဲကောင်းတွေအများကြီးထဲက ကောင်းနိုးရာရာ ပွဲစဥ်တွေကို ဒီညအတွက် ပျော်ရအောင် ထပ်မံ ရွေးချယ်သုံးသပ်ပေးလိုက်ပါတယ်။

◾ မာဆေး Vs AEK အေသင်

ပြင်သစ်ကလပ် မာဆေးအသင်းဟာ တိုက်စစ်အားသန်တဲ့ အသင်းပါ။ နှစ်ပွဲကစား နှစ်မှတ်သာရထား​တဲ့အတွက် အိမ်ကွင်းပွဲမှာတော့ တိုက်စစ်မှူး အူဘာမီယန်းရဲ့ ဦးဆောင်မှုနဲ့အတူ အနိုင်ရဖို့၊ သွင်းဂိုးတွေရဖို့ ခြေကုန်ထုတ်လာဖို့ရှိပါတယ်။ ဂရိကလပ် AEK အေသင်ကတော့ ၂ ပွဲကစား ၄ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေပါတယ်။ ဂရိကလပ်ဟာ သမ္ဘာရှိသလို ကစားခဲ့တဲ့ ၂ ပွဲလုံး ဂိုးသွင်းထားနိုင်တာကို တွေ့ရပါတယ်။ တစ်ဖက်တစ်ဂိုးစီ သေချာနေတာမို့ နောက်တစ်ဂိုးဘယ်သူသွင်းသွင်း ဂိုးပေါင်းကြေးစားရတော့မှာမို့ ဂိုးပေါ် တစ်ကြောင်းတည်းကို ရွေးချယ်ပေးလိုက်ပါတယ်။

◾ အယ်လ်ခမာ Vs အက်စတွန်ဗီလာ

နှစ်ပွဲကစားပြီး ၃ မှတ်စီ ရထားတဲ့ နှစ်သင်းတွေ့ဆုံမှုပါ။ နယ်သာလန်ကလပ် အယ်လ်ခမာဟာ တိုက်စစ်အားသန် အသင်းဖြစ်သလို အက်စတွန်ဗီလာဟာလည်း အူနိုင်းအမ်မရီရဲ့ ဦးဆောင်မှူနဲ့အတူ ပုံစံကောင်းပြသနေပြီး တစ်ပွဲ တစ်ဂိုးတော့ အသာလေးသွင်းနိုင်တဲ့ အသင်းဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုး စီသေချာနေတာမို့ နောက်တစ်ဂိုး ဘယ်သူရရ ဂိုးပေါ် စားနေရတာကြောင့် ဂိုးပေါ် တစ်ကြောင်းတည်းကိုဘဲ ထပ်မံရွေးချယ်ပေးလိုက်ပါတယ်။

◾ လိုင်လီ Vs စလိုဗန်

ပြင်သစ်ကလပ်လိုင်လီဟာ နှစ်ပွဲကစား ၄ မှတ်ရထားသလို နောက်ဆုံး ၄ ပွဲဆက် ဂိုးအောက် ကစားထားပါတယ်။ စလိုဗက်ကီးယားကလပ် စလိုဗန်ကတော့ ၂ ပွဲကစား ၆ မှတ်နဲ့ အုပ်စု ပထမပါ။ စလိုဗန်အနေနဲ့ လိုင်လီကွင်းမှာတော့ သရေတစ်မှတ်ရအောင် ဦးတည်ချက်ထားပြီး ပိတ်ကစားမှာ သေချာပါတယ်။ လိုင်လီအသင်း ဂိုးသွင်းစွမ်းရည်ကျနေပြီး နောက်ဆုံးသုံးပွဲမှာ ၂ ဂိုးသွင်းနိုင်တဲ့ပွဲကို မရှိခဲ့တာပါ။ ဂိုးပေါင်းကြေး စျေးတန်းဟာ သုံးဂိုးဘယ်လိုမှ မရောက်နိုင်တဲ့ ပွဲဖြစ်တယ်ယူဆတဲ့အတွက်ကြောင့် ဂိုးပေါင်းအောက်ကို အပိုင်ဆုံးတစ်ကွက်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

◾ဘရိုက်တန် Vs အေဂျက်

အေဂျက်လို ဥရောပ သမ္ဘာရင့်အသင်းကို အမြင့်ကြေးပေါက်နေတဲ့ ဘရိုက်တန်​ပါ။ အေဂျက်အသင်းရဲ့နောက်ဆုံး ခုနှစ်ပွဲဆက် နိုင်ပွဲမရမှု ခြေစွမ်းကျဆင်းမှုတို့နဲ့ တိုင်ပတ်နေတာကြောင့် ဒီစျေးတန်း ဖြစ်နေတာဖြစ်ပါတယ်။ ၂ ပွဲကစား ၁ မှတ်သာရထားတဲ့ ဇယားအောက်ဆုံးက ဘရိုက်တန် ၃ မှတ် စရချိန် တန်ပါပြီ။ အိမ်ကွင်းမှာ အကောင်းဆုံးတိုက်စစ် အစွမ်းပြပြီး သွင်းဂိုးတွေနဲ့ ဖျော်ဖြေပေးမဲ့ ဘွတ်ကီစိတ်ကြိုက် ဘရိုက်တန်ကို ရွေးလိုက်ကြရအောင်။

◾မိုဒီ Vs ဟက်ကန်

အမှတ်လိုအပ်ချက်ရှိနေပြီး တိုက်စစ်အားသန် နှစ်သင်းတွေ့ဆုံပွဲပါ။ သမ္ဘာပိုရင့်တဲ့ နော်ဝေးကလပ် မိုဒီအသင်းဟာ အိမ်ကွင်းပွဲမှာတော့ သေချာပေါက် အနိုင် ၃ မှတ်ယူဖို့ ပြင်ဆင်ထားလောက်ပါပြီ။ ဆွီဒင်ကလပ် ဟက်ကန် အသင်းဟာ ၂ ပွဲကစား ၂ ပွဲလုံးရှုံးခဲ့သလို သွင်းဂိုးတစ်ဂိုးမှ မရထားပါဘူး။ ကြေးတန်းအရလည်း မိုဒီ အနည်းဆုံးတစ်ဂိုးနဲ့ အနိုင်ရမယ်ဆိုတဲ့ ကြေးတန်းပါ။ အိမ်ရှင်မိုဒီရဲ့ အရိပ်မှာ ခိုလှုံလိုက်ကြရအောင်။

◾စပါတာ ပရပ်ဂ် Vs ရိန်းဂျား

၂ ပွဲကစားပြီး ၃ မှတ်စီရထားတဲ့ အသင်းနှစ်သင်းပါ။ ချက်ကလပ် စပါတာပရပ်ဂ်ဟာ ကစားပုံ ကောင်းမွန်ပြီး ကစားသမျှပွဲတိုင်းနီးပါး သွင်းဂိုးရယူထားတဲ့အသင်းပါ။ စကော့တလန်ကလပ် ရိန်းဂျားအသင်းဟာလည်း တိုက်စစ် အားသန်အသင်းပါ။ တစ်ဖက် တစ်ဂိုးစီ သေချာနေတာမို့ နောက်တစ်ဂိုး ဘယ်သူရရ ဂိုးပေါင်းကြေးအောင်ပြီမို့ ဂိုးပေါင်းအပေါ် တစ်ကြောင်းတည်း အပိုင်ရိုက်လိုက်ပါ။

◾ရိုးမား Vs ဆလားဗီးယား ပရပ်ဂ်

နှစ်ပွဲကစား ၆ မှတ်ဆီရထားပြီး အုပ်စု ပထမနဲ့ ဒုတိယတက်ဖို့ ရှိနေတဲ့အသင်းပါ။ ခံစစ်ကောင်းလွန်းနေပြီး အဝေးကွင်းမှာ သရေခံကန်မဲ့ ချက်ကလပ် စလားဗီးယားပရပ်ဂ်နဲ့ ခံစစ်ဘုရင် မော်ရင်ညိုရဲ့ ရိုးမားအသင်း တွေ့ဆုံမှုမှာ ဂိုးအောက်တစ်ကွက်ကလွဲလို့ ရွေးစရာမရှိပါဘူး။

အကောင်းဆုံး အပိုင်ဆုံးပွဲတွေကိုသာ ထုတ်နုတ်ရွေးချယ် ထားတဲ့အတွက်ကြောင့် ပေးထားတဲ့ ပွဲတိုင်းရိုက်နိုင်ရင် အရှုံးမရှိဖို့၊ အားလုံး အပေါင်းပြဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *