September 19, 2024

၂၆. ၁၀. ၂၀၂၃
Written By Thandar

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ Miss Cosmopolitan World 2023 ရဲ့ National Costume Competition မှာ မြန်မာကိုယ်စားပြုအလှမယ် သန္တာစိုးက ရခိုင်အလှဆီမီးခွက်အကဝတ်စုံနဲ့ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။

“အလှမယ်သန္တာစိုး သွားရောက်ပြိုင်ပွဲဝင်ခွင့်ရလို့လည်း အများကြီး ပျော်ရွှင်မိပါတယ်။ သူနဲ့အတူတူ လေ့ကျင့်မှုတွေကို အများကြီး လုပ်ပေးထားပါတယ်။ မလေးရှားက ပြိုင်ပွဲကြီးအတွက် ဘာသာစကားပိုင်းတွေလည်း ကြိုးစားပြင်ဆင်ပေးခဲ့ပါတယ်။ သူဘယ်လိုကြိုးစားမလဲဆိုတာ ကျွန်တော်တို့ ဆက်လက်ကြည့်ရှုရမှာပါ။ အကောင်းဆုံး ရလဒ်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ Rangoon AKYAB Stars တည်ထောင်သူ စံသာက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_16-18-29-819x1024.jpg

ဒီဝတ်စုံကို ဖန်တီးချုပ်လုပ်တဲ့အခါ အလှမယ် သန္တာစိုးက ရခိုင်တိုင်းရင်းသူ တစ်ဦးဖြစ်တာနဲ့အညီ “ဓညဝတီခေတ်” ရဲ့ ဝတ်စားဆင်ယင်မှုကို မှီငြမ်းထားပြီး ဓညဝတီခေတ် မိန်းမပျိုလေးတစ်ဦးက “ဆီမီးခွက် အက” ကနေ ဟန်ပန်ကို မူမပျက်အောင် ဖန်တီးထားပါတယ်။ ရခိုင်လူမျိုးတို့ရဲ့ သမိုင်းမှာထင်ရှားတဲ့ ဆီမီးခွက်အကကို မမေ့လျော့စေဖို့ ရှေးခေတ်အဆက်ဆက်က မင်းဆက်တွေရဲ့ခမ်းနားတဲ့ အတိတ်တွေကို သိရှိစေဖို့ ဒီဇိုင်နာကျော်စွာက ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပနေတဲ့ Miss Cosmopolitan World 2023 ပြိုင်ပွဲကြီးမှာတော့ မြန်မာကိုယ်စားပြုအလှမယ် သန္တာစိုးက အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ စင်ကာပူ ၊ ကမ္ဘောဒီးယား ၊ နီပေါ စတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံက အလှမယ်တွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *