October 22, 2024

MT News

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနှစ်ပါးအား တာဝန်မှအနားပေးလိုက်သည်ဟု SAC က ယမန်နေ့ညတွင် ကြေညာပြီး ဝန်ကြီးအသစ်များကိုလည်း ထပ်မံခန့်အပ်လိုက်သည်။

အနားပေးခံရသော ဝန်ကြီးနှစ်ပါးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့ ဖြစ်သည်။

SAC သည် ဦးရွှေလေးအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်တွင် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဦးတင်ထွဋ်ဦးကိုမူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခဲ့သည်။

ဦးတင်ထွဋ်ဦးကိုယ်စား ဝန်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခံရသူမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးကို ခန့်အပ်ခဲ့ပြီး ဦးမျိုးသန့်ကိုမူ ​ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *