October 19, 2024

၂၅. ၁၀. ၂၀၂၃

Written by Zaw Moe

ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၄/၀-၁ ကြား တံတားအမှတ် (၁၄၆) နှင့် (၁၄၇) အနီးရှိ ရထားလမ်းအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်စီးခဲ့မှု ထပ်မံကျူးလွန်ခဲ့၍ ရထားလမ်းပျက်စီးကာ ခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)က ယ‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့မီးရထားအနေဖြင့် အများပြည်သူ ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်များဖြစ်သည့် သီတင်းကျွတ်ပွဲတော်ကာလအတွင်း ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများအပြင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

This image has an empty alt attribute; its file name is 394569814_627910252848379_5721598341494995083_n.jpg

မြန်မာ့မီးရထားအနေဖြင့် နေ့စဉ်လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန်ပြေးဆွဲလျက်ရှိရာတွင် အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၄/၀-၁ ကြား တံတားအမှတ် (၁၄၆) နှင့် (၁၄၇) အနီး၌ ရထားလမ်းများအား PDF များက မိုင်းခွဲဖျက်စီးမှုကို ထပ်မံကျူးလွန်ခဲ့သဖြင့် ရထားပြေးဆွဲနေသော အဆန်ရထားနှင့် ပြန်လည်အဆင့်မြှင့်တည်ဆောက်နေသာ အစုန်ရထားလမ်းတို့တွင် တပ်ဆင်ထားသည့် သံလမ်းသစ်များ တစ်ပေခွဲစီခန့် ပြတ်တောက်၍ လေးပေစီခန့် ကွေးကောက်ပျက်စီးခြင်းနှင့် ကွန်ကရစ် ဇလီဖားတုံးများ ပျက်စီးခဲ့သည်။

အဆိုပါပျက်စီးမှုကြောင့် အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းတွင် မန္တေလေးမှ ရန်ကုန်သို့ ပုံမှန်ထွက်ခွာလာသော အမှတ် (၆) အစုန်အမြန်ရထားသည် ယ‌နေ့ နံနက် ၃ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ် (၄) အစုန်ရထားသည် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်တွင် ကညွှတ်ကွင်းဘူတာ၌ လည်းကောင်း ခေတ္တရပ်နားထားခဲ့ရသည်။ ထို့အတူ ရွာသာကြီး-မြစ်ငယ်-ရွာသာကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား နှစ်စင်းတို့သည်လည်း ပြွန်တန်ဆာဘူတာနှင့် အိမ်ခြေလေးဆယ်ဘူတာတို့၌ ခေတ္တရပ်နားခဲ့ရသည်။

This image has an empty alt attribute; its file name is 394640170_627910292848375_4499744771918797698_n.jpg

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်နှင့်တပြေးညီ သွားရောက်စစ်ဆေးခြင်း၊ မြန်မာ့မီးရထားဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင်ခြင်းတို့ကို ‌ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြီးစီးခဲ့သဖြင့် ခေတ္တရပ်နားထားရသော ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိသည်။

PDF များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံထောင်၊ မိုင်းခွဲ/တွေ့ရှိခြင်း ၁၂၈ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း ၁၂ ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *