October 19, 2024

MT News

၂၅. ၁၀. ၂၀၂၃

ရန်ကုန်တိုင်းတွင် အမေရိကန်ဒေါ်လာ ၆ သန်းကျော်နှင့် ကျပ်သန်း ၄၅၀၀ ကျော်မြှုပ်နှံမည့် ပြည်တွင်းပြည်ပ လုပ်ငန်း ၈ ခုကို ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆)ခုကို အတည်ပြုပေးခဲ့ပါသည်။

This image has an empty alt attribute; its file name is 3-18.jpg

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း (၁၀၀ ရာခိုင်နှုန်း ပြည်တွင်းရောင်းချခြင်း) လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ ဟင်းသီး ဟင်းရွက်များနှင့် သစ်သီးဝလံများအား အေးခဲ၍ ထုပ်ပိုးတင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူကို အခြေခံ၍ ပါကင်ဗူးနှင့် တံဆိပ်အမျိုးမျိုးထုတ်လုပ်ပြီး ပြည်တွင်းသို့ ရာနှုန်းပြည့် ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြှင့် Poly Resin အား အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၄,၅၅၂ ဒသမ ၃၂၅ သန်းနှင့် အမေရိကန် ဒေါ်လာ ၆ ဒသမ ၂၃၆ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၅,၅၄၁ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်သည်။

This image has an empty alt attribute; its file name is 4-17.jpg

ထို့အပြင် အစည်းအဝေးတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၀၀ ဦး တိုးမြှင့် ဖန်တီးပေးနိုင်မည့် လုပ်ငန်း ၁ ခု အပါအဝင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ ၆ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *