October 19, 2024

၂၅. ၁၀. ၂၀၂၃

Written by Nyein Kyaw

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာတက္ကသိုလ်တွင် မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေး ဆောင်ရွက်နေ၍ မြန်မာနိုင်ငံ၌ မြန်မာဘာသာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်ဘက်ဆိုင်ရာတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး အီဂေါမီ ရှုသ်ကင် (Lieutenant General Igor MISHUTKIN) က ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ ဆောင်ရွက်လျက်ရှိသည့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ ယခုလက်ရှိတွင် ဘာသာစကား သင်တန်များကိုလည်း သင်ကြားပေးလျက်ရှိပြီး မြန်မာဘာသာစကားကို တိုးချဲ့သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် မြန်မာနိုင်ငံ၌ မြန်မာဘာသာစကား လာရောက်သင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးစေလိုမှု အခြေအနေများ ရုရှားစစ်ဘက်ဆိုင်ရာတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီးက ပြောကြားသည်။

This image has an empty alt attribute; its file name is 396349412_122130815156030934_6279370032338433998_n.jpg

ထို့ပြင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှု၊ စစ်ဘက်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှု၊ ပညာတော်သင် သင်တန်းသားများ စေလွှတ်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်နှင့် အစိုးရနှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်မှုတို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ် (Military University of Defence Ministry)၏ “ဂုဏ်ထူးဆောင် ပါမောက္ခ” ဘွဲ့ (Honorary Professor of the Russian Military University) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်တက္ကသိုလ်မှ ဘုတ်အဖွဲ့များ၏ ဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် ချီးမြှင့်အပ်နှင်းပေးအပ်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိကြောင်း ရုရှားစစ်ဘက်ဆိုင်ရာတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *