October 19, 2024

၂၅. ၁၀. ၂၀၂၃

Written by Pan Ei

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ဒီနေ့ (အောက်တိုဘာ ၂၅ ရက်) ညမှာ ကျင်းပပြုလုပ်နေတဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ မြန်မာအလှမယ် နီနီလင်းအိမ်ဟာ Miss Popular Vote ဆုကြီး ဆွတ်ခူးပြီး Top 10 ကို တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ် နီနီလင်းအိမ်ဟာ Country’s power of The Year ဆုကြီးကို အိမ်ရှင်ဗီယက်နမ်အလှမယ်နဲ့အတူ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရာမှာလည်း အနိုင်ရရှိခဲ့ပြီး Top 20 ကိုလည်း တက်လှမ်းနိုင်ခဲ့တာပါ။

This image has an empty alt attribute; its file name is 395740862_122122250078040280_2948576904638501790_n-1.jpg

အခုလက်ရှိ Top 10 မှာတော့ မြန်မာ၊ နယ်သာလန်၊ အန်ဂိုလာ၊ ကိုလံဘီယာ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဒီုမီနစ်ကန် ရီပဘလစ်၊ ပီရူးနိုင်ငံတို့က အလှမယ်တွေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲကတော့ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *