October 19, 2024

၂၅. ၁၀.၂၀၂၃

Written by Pan Ei

၂၀၂၄ ခုနှစ်အတွက် Miss Grand International ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်တယ်လို့ ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပပြုလုပ်နေတဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ တရားဝင်ကြေညာခဲ့ပါတယ်။

အဆိုပါ ၂၀၂၄ ခုနှစ်အတွက် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ National Director ထူးအံ့လွင် တာဝန်ယူ ကျင်းပပေးသွားမှာဖြစ်တယ်လို့သိရပြီး အခု ကျင်းပနေတဲ့ ပြိုင်ပွဲအတွင်းမှာလည်း မြန်မာအလံနဲ့ တကွ ဂုဏ်ယူဝံ့ကြွားစွာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဖို့ ကြေညာခဲ့ခြင်းဖြစ်ကာ မြန်မာက အိမ်ရှင်အဖြစ် ကျင်းပမယ့် ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is 395754179_122122256756040280_6411871171830974098_n.jpg

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ဒီနေ့ (အောက်တိုဘာ ၂၅ ရက်) ညမှာ ကျင်းပပြုလုပ်နေတဲ့ Miss Grand International 2023 ပြိုင်ပွဲကြီးမှာ မြန်မာအလှမယ် နီနီလင်းအိမ်ဟာ Miss Popular Vote ဆုကြီး ဆွတ်ခူးပြီး Top 10 ကို တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ် နီနီလင်းအိမ်ဟာ Country’s Power of The Year ဆုကြီးကို အိမ်ရှင်ဗီယက်နမ်အလှမယ်နဲ့အတူ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရာမှာလည်း အနိုင်ရရှိခဲ့ပြီး Top 20 ကိုလည်း တက်လှမ်းနိုင်ခဲ့တာပါ။

အခုလက်ရှိ Top 10 မှာတော့ မြန်မာ၊ နယ်သာလန်၊ အန်ဂိုလာ၊ ကိုလံဘီယာ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဒီုမီနစ်ကန် ရီပဘလစ်၊ ပီရူးနိုင်ငံတို့က အလှမယ်တွေ ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲကတော့ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *