October 19, 2024

၂၆. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အစ္စရေး-ဟားမားစ် စစ်ပွဲအတွင်း ဟားမားစ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၂၀ ဦးအနက် ထက်ဝက်ကျော်က ပြည်ပနိုင်ငံ ၂၅ ခုက နိုင်ငံခြားသားတွေလို့ ခန့်မှန်းရပြီး သူတို့ထဲမှာ ထိုင်းနိုင်ငံသား ၅၄ ဦးပါဝင်တယ်လို့ အစ္စရေးအစိုးရက အောက်တိုဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်ပွဲအတွင်း သေဆုံးရတဲ့နိုင်ငံခြားသားတွေထဲမှာ ထိုင်းနိုင်ငံသားက ၂၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၂၁ ဦးရှိတာကြောင့် အသေအပျောက် အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ကိန်းဂဏန်းအတိအကျအရဆိုရင်တော့ ဖမ်းဆီးခံရသူတွေထဲ နိုင်ငံဖြတ်ကျော်သွားလာခွင့် လက်မှတ်ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသား ၁၃၈ ဦးရှိပြီး အာဂျင်တီးနား ၁၅ ဦး၊ ဂျာမန် ၁၂ ဦး၊ အမေရိကန် ၁၂ ဦး၊ ပြင်သစ်ခြောက်ဦး၊ ရုရှားခြောက်ဦးနဲ့ နီပေါနိုင်ငံသား ငါးဦး၊ တန်ဇန်နီးယားနဲ့ ဖိလစ်ပိုင်က နှစ်ဦးစီ နဲ့ တရုတ်နဲ့ သီရိလင်္ကာတို့က တစ်ဦးစီပါဝင်ကြတယ်လို့လည်းသိရပါတယ်။

ဖမ်းဆီးခံရသူအများစုကတော့ နှစ်နိုင်ငံနေထိုင်ခွင့် ကိုင်ဆောင်ထားကြတဲ့ အစ္စရေးနိုင်ငံသားတွေ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအချက်တွေအရ အစ္စရေးအစိုးရက စစ်ပွဲအတွင်း နိုင်ငံ ၄၀ က နိုင်ငံခြားသား ၃၂၈ ဦးဟာ အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးနိုင်ငံတောင်ပိုင်းမှာ ဟားမားစ်တို့ တိုက်ခိုက်မှုကြောင့် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ စုစုပေါင်းအားဖြင့်တော့ အစ္စရေးနိုင်ငံအတွင်း စစ်ပွဲကာလမှာ ဟားမားစ်တို့တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁,၄၀၀ ခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Ref—-Reuters

Leave a Reply

Your email address will not be published. Required fields are marked *