October 19, 2024

၂၆.၁၀.၂၀၂၃
Written By Thandar

ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေဟာ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ခဲ့တဲ့ သမီးငယ်လေးကို အချိန်မီ ခေါ်ယူမွေးစားခဲ့ပေမယ့် ယနေ့ အောက်တိုဘာ ၂၆ရက် နံနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ ပြောပါတယ်။

“ သမီးငယ်လေး ဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်ရှင့်။ အမအနေနဲ့ စိတ်မကောင်း တော်တော်လေးကို ဖြစ်ရပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားကုသပေမဲ့ အသက်မကယ်နိုင်လိုက်ပါဘူး။ ဒီကလေးလေးရဲ့ ဘဝ ၄ ရက်သာ အသက်ရှင်ခွင့်ရတယ် ပြောရမယ်။ ဘယ်လိုမှ မတတ်နိုင်ဘူး။ ရင်ထဲတစ်မျိုးပါပဲ။ နောင်ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးတွေက ကင်းဝေးပါစေလို့ပဲ ဆုတောင်းရမှာပါ ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_13-38-05-768x1024.jpg

အဆိုပါ သမီးငယ်လေးကို အောက်တိုဘာ ၂၃ ရက် ည ၉ နာရီကျော်အချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ၊ မြစပါယ်လမ်းထဲက မီးရထားလမ်းဘေးမှာ ချက်ကြိုးတန်းလန်းနဲ့ စွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်။ မွေးကင်းစ သမီးငယ်လေးဟာ ၃ ပေါင်ကျော်သာရှိပြီး ခိုင်နှင်းဝေရဲ့ “ရင်သွေးလေးများ ဂေဟာ” က ညတွင်းချင်း အချိန်မီ ကူညီကယ်တင်ထားခဲ့တာဖြစ်ပေမဲ့လည်း ၄ ရက်သာ ရှင်သန်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *