October 19, 2024

၂၆. ၁၀. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်အတွင်းရှိ လဲဝီစတုန်းမြို့၌ အောက်တိုဘာ ၂၅ ရက်က ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ပစ်ခတ်မှုများအတွင်း လူ ၅၀ မှ ၆၀ ခန့်မှာလည်း ဒဏ်ရာများရရှိခဲ့ကြသော်လည်း ပစ်ခတ်မှုများကြောင့် ဒဏ်ရာရသူမည်မျှရှိသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ရဲတပ်ဖွဲ့က ဈေးဆိုင်လုပ်ငန်းများပိတ်ထားရန်နှင့် ပြည်သူများ မိမိတို့ အိမ်များအတွင်း၌သာ နေထိုင်ကြရန် ကြေညာထားသည်။ မြို့၏ ကောင်စီဝင် ရောဘတ် မက်ကာသီက ပစ်ခတ်မှုများမှာ မြို့အတွင်း ဘိုးလင်းကစားရုံတစ်ခု၊ အရက်ဆိုင်တစ်ခုနှင့် Walmart ပစ္စည်းသိုလှောင်ဖြန့်ချိရေးစခန်းတစ်ခုတို့၌ ဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။ ရဲတပ်ဖွဲ့ကလည်း ဆီမီးအော်တိုမက်တစ်ရိုင်ဖယ်သေနတ်တစ်လက်ကို ကိုင်ဆောင်ထားသူ သံသယရှိရသူတစ်ဦး၏ပုံကို ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့က ၎င်းတို့စုံစမ်းစစ်ဆေးမှုများပြုနေစဉ် ပြည်သူများအားလုံး အိမ်များအတွင်း၌သာနေထိုင်ကြစေလိုကြောင်း၊သေနတ်သမားဟု သံသယရှိသူမှာ ဖမ်းမမိသေးဘဲ လွတ်နေသေးကြောင်း လူမှုကွန်ရက် Facebook ၌ ကြေညာခဲ့သည်။

ယခုပစ်ခတ်မှုက အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၂ ခုနှစ် မေလ၌ သေနတ်သမားတစ်ဦးက တက္ကဆက်ပြည်နယ်၊ မူလတန်းကျောင်းတစ်ကျောင်းတွင် ကလေး ၁၉ ဦးနှင့် ဆရာနှစ်ဦးသေဆုံးစေခဲ့သော ပစ်ခတ်မှုထက်ပင် သေဆုံးသူအရေအတွက် ပို၍များပြားစေခဲ့သည်။ အမေရိကန်၌ ၂၀၂၂ ခုနှစ်အတွင်းကလည်း ဤသို့သော ပစ်ခတ်မှုပေါင်း အနည်းဆုံး ၆၄၇ မှုဖြစ်ခဲ့သည်ဟု သိရသည်။

Ref—- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *