October 19, 2024

၂၆. ၁၀. ၂၀၂၃
Written by Pan Ei

ပရိသတ်တွေက King of K-pop လို့ သတ်မှတ်ထားကြပြီး တောင်ကိုရီးယားက နာမည်ကြီးအမျိုးသား အဆိုရှင်အဖွဲ့ BigBang ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ G-Dragon ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကိုခံနေရတယ်လို့ တောင်ကိုရီးယားသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

G-Dragon ဟာ တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲခဲ့တယ်လို့ စွပ်စွဲချက်တွေနဲ့အတူ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအက်ဥပဒေချိုးဖောက်မှု စွဲချက်နဲ့ အင်ချွန်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပြီး “လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ အမှုဖြစ်တာကြောင့် တိကျတဲ့အသေးစိတ်အချက်အလက်တွေကို ဖော်ပြလို့မရပါဘူး” လို့ ရဲတပ်ဖွဲ့က မှတ်ချက်ပေးခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_10-26-16.jpg

G-Dragon ရဲ့ မူးယစ်ဆေးဝါးမှုဟာ အော်စကာဆုရ Parasite ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Lee Sun Kyun ရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်စပ်နေတယ်လို့ ကနဦးက သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကတော့ အဲ့ဒီအမှုနှစ်ခုကြား ဆက်စပ်မှုမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

ခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ကြယ်ပွင့် G-Dragon ရဲ့ အေဂျင်စီဟောင်းဖြစ်တဲ့ YG Entertainment ကတော့ “G-Dragon က လက်ရှိမှာ ကျွန်တော်တို့ အေဂျင်စီလက်အောက်က အနုပညာရှင်မဟုတ်တာကြောင့် တရားဝင် အတည်ပြုချက်ထုတ်ပြန်ဖို့ ခက်ခဲပါတယ်” လို့သာ ထုတ်ပြန်ခဲ့ပါတယ်။

G-Dragon ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းကလည်း တခြားသောမူးယစ်ဆေးဝါးအရှုပ်တော်ပုံနဲ့ ချိတ်ဆက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က သူဟာ ဂျပန်နိုင်ငံက ကလပ်တစ်ခုမှာ ဆေးခြောက်သုံးစွဲခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ သူ လက်ခံရရှိခဲ့တဲ့ ပစ္စည်းအကြောင်းကို မသိရှိခဲ့ကြောင်းပြောကြားခဲ့တာကြောင့် အစိုးရရှေ့နေတွေက အမှုကို ပယ်ချခဲ့ပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *