October 19, 2024

၂၆. ၁၀. ၂၀၂၃
Written by Thettant

ပြည်သူ့အချစ်တော် ဆင်မကြီး မိုမိုရဲ့ မွေးနေ့ကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က ၃ ရက်ပကြာ ကျင်းပပေးမှာဖြစ်ပြီး ဒီနှစ်ကျရောက်တဲ့ မွေးနေ့က မိုမို အသက် ၇၀ ပြည့်တာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မိုမိုရဲ့ မွေးနေ့ပွဲကို အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ Mo Mo’s Birthday Party ကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အတွင်းမှာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနားကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီနဲ့ ၁၀ နာရီကြားမှာ မိုမို့အတွက် မွေးနေ့ကိတ်ခွဲတဲ့ အခမ်းအနားလည်း ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_10-08-26-1024x576.jpg

Mo Mo’s Birthday Party ပွဲမှာ မိုမို့အတွက် မွေးနေ့ကိတ်ခွဲတာ၊ မိုမိုနဲ့အတူ ဓာတ်ပုံရိုက်ကူးတာ၊ Animal Presentation ၊ Music & Performance၊ Magic Show၊ ချစ်စရာတိရစ္ဆာန်လိမ္မာလေးတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးတာအပြင် သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာဂိမ်းတွေနဲ့ဖျော်ဖြေရေးအစီအစဉ်တွေ အများကြီးပါဝင်မှာမို့ ဆင်မကြီးမိုမိုရဲ့ အသက် (၇၀) နှစ်ပြည့် မွေးနေ့မှာ မိုမို့အတွက် အမှတ်တရတွေ ဖန်တီးပေးကြရင်း မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဆီ အရောက်လှမ်းလာခဲ့ကြဖို့လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က ဖိတ်ခေါ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *