၂၅. ၁၀. ၂၀၂၃
Written by MMAK
ချန်ပီယံလိဂ်အုပ်စုပွဲစဥ်တွေရဲ့ တတိယမြောက်ပွဲစဥ် ပထမညခန့်မှန်းချက်မှာ ၅၀၊ ၅၀ ပဲဖြစ်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်။ အဲဒီအတွက် ဒုတိယညမှာတော့ အကျိုးအမြတ်ရနိုင်မဲ့ ပွဲစဥ်တွေကို ကြိုးစားခန့်မှန်းလိုက်ပြီး ဒီညမှာတော့ ရလဒ်ကောင်းထွက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
◾ ဘာစီလိုနာ Vs ရှက်တာဒိုးနတ်
ဘာစီလိုနာဟာ နောက်သုံးရက်နေရင် မဟာပြိုင်ဘက် ရီရဲ မက်ဒရစ်နဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။ အဓိက ကစားသမားတွေလည်း ဒဏ်ရာရနေပြန်ပါတယ်။ ယူကရိန်းကလပ် ရှက်တာဒိုးနတ်အနေနဲ့ အဝေးကွင်းမှာ ဘတ်စ်ကား ကွက်နဲ့ ပိတ်ကန်ပြီး သရေရအောင်ပဲ ကြိုးစားမှာပါ။ နောက်အကြော့ အိမ်ကွင်းပွဲမှ တင်ကစားမှာ သေချာပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးအဟနည်းတာကို ကြည့်မယ်ဆို ပေါက်ကြေးရဲ့ မမျှတတဲ့ စျေးအရ ဒီပွဲဟာ ဂိုးပေါင်းမအောင်ဘူးလို့ ယူဆရပါမယ်။ ဘာစီလိုနာ ဘော်ဒီကြေး အောင်ဖို့တောင် မသေချာတဲ့ အနေအထားမှာ နှစ်သင်းပေါင်း သွင်းဂိုး လေးဂိုး မရောက်နိုင်တာ သေချာနေတာမို့ ဂိုးအောက် တစ်ကွက်တည်းကိုဘဲ အပိုင်ထိုးကွက်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
◾ ဖိယင်နု Vs လာဇီယို
အုပ်စုဒုတိယ အနေနဲ့ တက်ဖို့အတွက် အပြိုင်ဖြစ်နေတဲ့ နှစ်သင်းတွေ့ဆုံမှုပါ။ လာဇီယိုက နှစ်ပွဲကစား လေးမှတ်ရထားပြီး ဖိယင်နုက သုံးမှတ်ရထားပါတယ်။ နယ်သာလန်ကလပ် ဖိယင်နုကို လျှော့တွက်လိုက်ရင် လာဇီယို အမှတ်ဗလာနဲ့ အိမ်ပြန်ရပါလိမ့်မယ်။ လေးမှတ်ရထားတဲ့ လာဇီယို အဝေးကွင်း ပွဲမှာတော့ သူတင်ကိုယ်တင် ဖွင့်ကစားဖို့မရှိပါဘူး။ ဂိုးပေါင်းကြေးမှာလည်း ဂိုးပေါ်နေချင်စရာ အရမ်းကောင်းအောင် ခေါ်ထားတဲ့ သဘောမှာ သူဘောလုံးကိုင်လိုက် ကိုယ်ဘောလုံးကိုင်လိုက်နဲ့ အချိန်ကုန်မဲ့ပွဲမှာ ဂိုးပေါင်းအောက်ကိုပဲ ထပ်မံ ရွေးချယ်ပေးလိုက်ပါတယ်။
◾ နယူးကာဆယ် Vs ဒေါ့မွန်
ရေနံလောင်းပြီးနောက်မှာ နယူးကာဆယ်ဟာ အဆင့်တစ်ခုကို ရောက်နေပါပြီ ။ ကစားပုံနဲ့ လူစာရင်းဟာလည်း ထိပ်တန်းအဆင့်မှာရှိနေပါတယ်။ ဒေါ့မွန်ဟာ နှစ်ပွဲကစားပြီး သွင်းဂိုးမရသေးဘဲ တစ်မှတ်သာရထားပါတယ်။ အမှတ်လိုအပ်ချက်ကြောင့် ဂိုးရဖို့ ဖွင့်ဆော့မယ်ဆိုရင် နယူးကာဆယ် အကြိုက်ဖြစ်သွားပြီ ဂိုးပေးရမှာ ပိုများနေတဲ့ အခြေအနေပါ။ နယူးကာဆယ် တစ်ဂိုးသွင်းမှ ပြားနှစ်ဆယ်ဘဲ အနိုင်ရမဲ့ဆိုတဲ့ အနေအထားက ဘွတ်ကီတွေ နယူးကာဆယ်ကိုပဲ အနိုင်ရမှာ သေချာတယ်လို့ ပေးထားတဲ့ စျေးတန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီလိုအသင်းမျိုးကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ကန်ထားတဲ့ နယူးကာဆယ်ရဲ့ ကြွေကိုပဲ ဆက်ယုံကြည်လိုက်ရအောင်ပါ။ နယူးကာဆယ် ဘော်ဒီအပြင် ဂိုးပေါ်ကိုပါ တွဲရွေးပေးလိုက်ပါတယ်။ နှစ်ကျပ်ကွက် အပိုင်နင်းလိုက်ကြပါစို့။
◾ ပီအက်စ်ဂျီ Vs Ac မီလန်
မရဏအုပ်စုအဖြစ် သတ်မှတ်ထားတဲ့ Group-F ရဲ့အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုပါ။ အေစီမီလန်ဟာပြည်တွင်းလိဂ်မှာ ခြေစွမ်းမဆိုးပေမဲ့ ချန်ပီယံလိဂ်မှာတော့ ၂ ပွဲကစား ၂ ပွဲလုံးသရေ သွင်းဂိုးမရသေးသလို ပေးဂိုးလည်းမရှိထားပါဘူး။ ဒီပွဲရှုံးခဲ့ရင် အေစီမီလန် အုပ်စုတက်ဖို့ တော်တော်ခက်ခဲသွားမှာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီကွင်းမှာတော့ အမှတ်ရဖို့ မလွယ်ပါဘူး။ အမ်ဘာပေရဲ့ သွင်းဂိုးတွေကို မျှော်လင့်ရင်း အိမ်ရှင် ပရိတ်သတ် လုပ်ကြတာပေါ့။
◾ ယန်းဘွိုင်း Vs မန်စီးတီး
အိမ်ဖြည့်အသင်း ယန်းဘွိုင်းအနေနဲ့ အိမ်ကွင်းဆိုပေမဲ့ လက်ရှိချန်ပီယံကိုတော့ ဘာမှလုပ်ပြနိုင်မှာမဟုတ်ပါဘူး။ မန်စီးတီး နိုင်မယ်။ ကြေးအောင်မှာလား မအောင်ဘူးလား။ ဒီနှစ်ချက်ပဲ ကြည့်ရပါမယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး ချိန်ဆရမယ်ဆို မမျှတတဲ့ ကြေးပေါက်အရ မန်စီးတီးနိုင်မယ် ဂိုးပေါင်းမအောင်ဘူးဆိုတဲ့ ဘွတ်ကီယူဆချက်ကို လိုက်ပြီး ဂိုးအောက် တစ်ကွက်ကို အပိုင်ရိုက်လိုက်ပါ။
◾ ဆဲလ်တစ် Vs အက်သလက်တီကို
နောက်ဆုံးဆယ်ပွဲဆက် ဂိုးသွင်းထားပြီး ခြေစွမ်းတည်ငြိမ်မှု ကောင်းလွန်းနေတဲ့ တီကိုနဲ့ စကော့တလန် လိဂ်မှာသာ ဗိုလ်လုပ်နိုင်ပြီး ချန်ပီယံလိဂ်မှာ နှစ်ပွဲဆက် ရှုံးထားတဲ့ ဆဲတစ်ပါ။ သူ့အိမ်ကွင်းဆိုပေမဲ့ နိုင်ဖို့ရာ မဖြစ်နိုင်ပါဘူး။ ဂိုးရဖို့ ဖွင့်ဆော့လေ တီကို တန်ပြန်တိုက်စစ်နဲ့ ဂိုးပေးရလေပဲ ရှိပါမယ်။
ဆီမြွန်နီရဲ့ အက်သလက်တီကို ကိုပဲ ကျွန်တော်တို့ ရွေးချယ်ထားရအောင်ပါ။
◾ အန့်ဝပ် Vs ပေါ်တို
တိုက်စစ် ကောင်းသလို ခံစစ်ကလည်း ဂိုးတွေ လွယ်လွယ် ကူကူ ခွင့်ပြုတတ်တဲ့ အန့်ဝပ်ပါ။ ပေါ်တူဂီကလပ် ပေါ်တိုဟာ ချန်ပီယံလိဂ် နှစ်တိုင်းကန်ရပြီး သမ္ဘာရင့်တဲ့ အသင်းဖြစ်ပါတယ်။ အန့်ဝပ် ဒီပွဲရှုံးရင် အုပ်စုတက်ဖို့ မျော်လင့်ချက် လုံးဝမရှိတော့ပါဘူး။ ဂိုးရဖို့ ဖွင့်ကန်ရင် ဂိုးပြန်ပေးရ ဖြစ်မှာပါ။ တစ်ဖက်တစ်ဂိုးစီ သေချာပေါက်ရမဲ့ အနေအထားမှာ နောက်တစ်ဂိုးဘယ်သူသွင်းမလဲ ထိုင်ကြည့်ပြီး ဂိုးပေါ်တစ်ကြောင်းထဲကို အပိုင်ရွေးလိုက်ကြရအောင်။
◾ လိုက်ပ်ဇစ် Vs ဇဗက်ဒါ
အိမ်ဖြည့်အသင်း သက်သက်ပဲရှိတဲ့ ဇဗက်ဒါအနေနဲ့ အဝေးကွင်းမှာ ပေးဂိုး နည်းအောင်သာ ပိတ်ကန်ရုံရှိပါတယ်။ လိုက်ဇစ် အိမ်ကွင်းမှာ သေချာပေါက် သွင်းဂိုးတွေနဲ့ အနိုင်ယူမဲ့ ကြေးတန်းဖောက်ထားတဲ့ အခြေအနေမှာ အိမ်ရှင် လိုက်ပ်ဇစ်အသင်းရဲ့ အရိပ်ကိုခိုလှုံပြီး သွင်းဂိုးတွေ ထိုင်ရေကြည့်ရုံပါပဲ။
ချန်ပီယံလိဂ် အုပ်စု တတိယပွဲ ဒုတိယည အပိုင်ပွဲစဥ်အဖြစ် လာဇီယို ဂိုးအောက်၊ နယူးကာဆယ်၊ အက်သလက်တီကို တို့ကို ရွေးချယ်ပေးလိုက်ပါတယ်။ အားလုံးအပေါင်းပြကြပါစေ။