October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Nay Moe

စဥ်ကူးမြို့နယ်တွင် မိသားစုနှင့် နေအိမ်တွင်ရှိနေသော အုပ်ချုပ်ရေးမှူးတစ်ဦးကို PDF လေးဦးက သေနတ်ဖြင့် ပစ်သတ်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗေဒါ (၅၇)နှစ် သည် နေအိမ်၌မိသားစုနှင့်အတူ ရှိနေစဉ် PDF လေးဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဦးဗေဒါအား သေနတ်ဖြင့်ပစ်ခတ်ကာ ၎င်းပိုင် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ရာ အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဦးဗေဒါတွင် ဦးခေါင်းနောက်စေ့၌ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် အောက်တိုဘာလဆန်းအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြ-တ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *