October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Nyein Kyaw

အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာ ၂၄ ရက် (ယနေ့)မှစ၍ ပြန်လည်ခွင့်ပြုပေးနေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ပြန်လည်ဖြေကြားခဲ့သည်။

ထောင်ဝင်စာ လာရောက်တွေ့ရှိသူသည် အကျဥ်းသားနှင့် အတူနေ အိမ်ထောင်စုစာရင်းဝင် ဖြစ်ရမည့်အပြင် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီးသူဖြစ်ရမည်ဖြစ်သည်။ ထောင်ဝင်စာ တွေ့လိုသူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။

“အောက်တိုဘာလ ၂၄ ရက်နေ့ကစပြီး တွေ့ခွင့်ပြုမှာဖြစ်ပါတယ်။ အတူနေ အိမ်ထောင်စုဝင်ဖြစ်ရပါမယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး ဖြစ်ရပါမယ်။ ကျန်အချက်များကို အကျဉ်းထောင်များရှေ့မှာ ဆိုင်းဘုတ်နဲ့ ကြေညာထားပေးပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှာလည်း စုံစမ်းနိုင်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ ဖြေကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လက်ခံသော အဆောက်အဦအတွင်း/အပြင်ဘက်တွင် STA PDF အဖွဲ့က ဖောက်ခွဲ၍ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်ဝန်ထမ်း ၃ ဦးအပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးခဲ့၍ ၁၈ ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီးတွင် အကျဥ်းထောင်များ၌ ထောင်ဝင်စာတွေ့မှုကန့်သတ်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *