October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Nay Moe

မိသားစု ၁၀ ဦးလိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးဟာ ရှေ့ဘီးပေါက်ပြီး လမ်းဘေးမြောင်းထဲပြုတ်ကျလို့ ၉ ဦးဒဏ်ရာရမှု အမြန်လမ်း ၁၂၅ မိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၂၅ မိုင်အနီးမှာ ဒီနေ့ အောက်တိုဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်အချိန်မှာ အိမ်စီးကား Toyota Landcruiser KYN 5E/ ယာဥ်ဟာ ၁၂၅ မိုင် ၇ ဖာလုံအရောက်မှာ ကားရှေ့ဘီးပေါက်ပြီး တိမ်းမှောက်ရာက အမြန်လမ်းရဲ့ လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့ရတာပါ။

This image has an empty alt attribute; its file name is 2-17.jpg

ဒီဖြစ်စဥ်ကို ကြားသိရတဲ့ ကမ်းမယ့်လက်များပရဟိတအသင်းက ကူညီကယ်ဆယ်ဖို့သွားရောက်ပေမဲ့ ထိခိုက်ဒဏ်ရာရသူတွေကို လမ်းကြုံလိုက်ထရပ်ကားနဲ့ နီးစပ်ရာဆေးရုံဆီတင်ပို့လိုက်တယ်လို့ သိရပြီး အဲဒီဖြစ်စဥ်​ကြောင့် ထိခိုက်ဒဏ်ရာရသူ ၉ ဦးမှာ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ကမ်းမယ့်လက်များ ပရဟိတအသင်းက ​ပြောထားပါတယ်။

ဓာတ်ပုံ – ကမ်းမယ့်လက်များ & CJ

Leave a Reply

Your email address will not be published. Required fields are marked *