October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်၊ သုနန္ဒာလမ်းမကြီးပေါ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနဝန်းအတွင်း အောက်တိုဘာ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဟိုက်ဒရိုကလိုရစ် အက်ဆစ်(Hydrochloric Acid) ယိုစိမ့်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဥ်တွင် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ဂါလံ ၅၀ ဆံ့ ၃ ပီပါအနက် ၁ ပီပါမှာ ယိုစိမ့်မှု ဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးက မီးငြှိမ်းသတ်ယာဥ်တစ်စီးဖြင့် မိနစ် ၄၀ ကျော်ကြာ ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့​ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ယိုစိမ့်မှုနှင့် ပတ်သက်၍ လူနှင့် တိရစ္ဆာန်၊အဆောက်အဦ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *