October 19, 2024

၂၄. ၁၀. ၂၀၂၃

Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နှစ်လခန့် လူမြင်ကွင်း၌ မတွေ့ရဘဲ ပျောက်ကွယ်နေခဲ့သော ကာကွယ်ရေးဝန်ကြီး လီရှန်ဖူးကို ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကို အကြောင်းဖြေရှင်းချက်တစ်စုံတစ်ရာ ထုတ်ဖော်မပြောဘဲ ဒုတိယမြောက် တာဝန်မှထုတ်ပယ်ခြင်းလည်း ဖြစ်ခဲ့သည်။

လီအား သမ္မတ ရှီကျင့်ဖိန် ခေါင်းဆောင်သော ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ်မှလည်းကောင်း၊ နိုင်ငံတော်ကောင်စီဝင်အဖြစ်မှလည်းကောင်း တစ်ပြိုင်တည်းမှာပင် ထုတ်ပယ်ခဲ့ကြောင်း CCTV သတင်းဌာနက ပြောကြားသွားခဲ့သည်။

ထိုသို့ထုတ်ပယ်ကြောင်း ဆုံးဖြတ်ချက်ကို အမျိုးသား ပြည်သူ့ကွန်ဂရက်က ချမှတ်ခဲ့ခြင်းဟု CCTV က ပြောခဲ့သည်။ သို့သော် မည်သူအား အစားထိုးခန့်ထားမည်ကို မကြေညာသေးပေ။

လီ အား ကာကွယ်ရေးဝန်ကြီးအဖြစ် ပြီးခဲ့သည့် မတ်လတွင် ခန့်အပ်ခဲ့ပြီး၎င်းအား သြဂုတ်လမှစ၍ လူအများမြင်ကွင်းတွင် မတွေ့ရဘဲ ပျောက်နေခဲ့ခြင်းဖြစ်သည်။ လီ အား ထိုသို့မတွေ့ရတော့ခြင်းက ၎င်းကဲ့သို့ပင် တစ်လခန့်လူမြင်ကွင်းမှပျောက်နေပြီးနောက် ဇူလိုင်လတွင် ရာထူးမှထုတ်ပယ်ခံခဲ့ရသော နိုင်ငံခြားရေးဝန်ကြီးဟောင်းချင်းဂန်း၏ ဖြစ်ရပ်အပြီးတွင်လည်း ဖြစ်သည်။

ထိုသို့ အဆင့်မြင့်ဝန်ကြီးနှစ်ဦးအား ဆက်တိုက်ဆိုသလို ထုတ်ပယ်ခဲ့မှုကြောင့် သမ္မတရှီကျင့်ဖိန်၏ ဦးဆောင်အုပ်ချုပ်မှုနှင့်ပတ်သက်၍ မေးခွန်များစွာလည်းပေါ်ပေါက်ခဲ့ရကြောင်း သုံးသပ်ခဲ့ကြသည်။

တရုတ်နိုင်ငံက ရုရှားလက်နက်များကို ဝယ်ယူမှုဖြင့် လီအား အမေရိကန်က ၂၀၁၈ ခုနှစ်တွင် ပိတ်ဆိုအရေးယူမှုပြုထားခဲ့သည်။ ထို့ကြောင့်လည်း လီအား ကာကွယ်ရေးဝန်ကြီး အဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းက တရုတ်နိုင်ငံနှင့် အမေရိကန်တို့အကြား စစ်ဘက်အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် အဓိကပိတ်ဆို့မှုတစ်ရပ်ကိုဖယ်ရှားခဲ့ခြင်းဟုလည်း အချို့ကဆိုကြသည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *