October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Min Mahar

နေအိမ်တွင် တစ်ဦးတည်းရှိနေသော အမျိုးသားကြီးတစ်ဦးအား PDF လေးဦးက ဝင်ရောက်သ တ်ဖြ တ်သွားသည့်အပြင် ရွှေထည်ပစ္စည်းများနှင့် ကျပ်သိန်း ၂၀ ခန့်ပါယူဆောင်သွားမှု ငါန်းဇွန်မြို့နယ်တွင် အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် မနက် ၉ နာရီခန့်ကမန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာအုပ်စု၊ ညောင်ပင်ရိုးကျေးရွာတွင်နေထိုင်သော အသက် ၆၂ နှစ်အရွယ်အမျိုးသားကြီးသည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ် ၄ စီးဖြင့် PDF အဖွဲ့မှ လူငယ် ၄ ဦးရောက်ရှိလာပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သ တ်သွားသည့်အပြင် နေအိမ်အတွင်းမှတစ်မတ်သားခန့်ရှိ အုတ်ခဲပုံရွှေလက်စွပ် ၁ ကွင်း (ကာလတန်ဖိုး ၈ သိန်းကျပ်ခန့်)၊ တစ်မတ်သားခန့်ရှိကျောက်စီထားသည့်ရွှေလက်စွပ် ၁ ကွင်း(ကာလတန်ဖိုး ၈ သိန်း ကျပ်ခန့်)၊ ငါးမူးသားခန့်ရှိ သံကွင်းဆက်အမျိုးအစားရွှေဆွဲကြိုး ၁ ကုံး(ကာလတန်ဖိုး ၁၆ သိန်းခန့်) နှင့် ငွေစက္ကူရောရာသိန်း ၂၀ ကျပ်ခန့်၊ စုစုပေါင်း ကာလ တန်ဖိုးငွေ ၅၂ သိန်းကျပ်ခန့်တို့အား ယူဆောင်ကာ ကျေးရွာ၏အနောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သ တ် ဖြ တ် လုယက်ခံရသူ အဆိုပါအမျိုးသားကြီးသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးသွား၍ ပစ်ခတ်လုယက်သွားသူများကို သက်ဆိုင်ရာနယ်​မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကာ တရားခံများကို လိုက်လံရှာဖွေစုံစမ်းနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *