October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Nay Aung

ထိုင်းနိုင်ငံ ဆာမတ်ပရာကန်ပြည်နယ် Wat Samrong Nua ဒေသ စက်ရုံဟောင်းတစ်ခုရဲ့ ရေချိုးခန်းထဲ သေဆုံးနေခဲ့တဲ့ မြန်မာနိုင်ငံသားရဲ့ ရုပ်အလောင်းကို အရှည် ၂ မီတာရှိတဲ့ မြွေကြီးတစ်ကောင် လာရောက်ရစ်ပတ်ထားတာကိုတွေ့မြင်ခဲ့ရပြီး ဖယ်ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ရတယ်လို့ ထိုင်းကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ မြွေဟာ သေဆုံးနေတဲ့ မြန်မာနိုင်ငံသားရဲ့ ရုပ်အလောင်းကို ရစ်ပတ်ထားတာ ဖြေလျော့ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့်ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို ရစ်ပတ်ထားတဲ့ မြွေကို ဖယ်ရှားဖို့ အချိန်အတန်ကြာ ကြိုးပမ်းခဲ့ရတယ်လို့ ထိုင်းအခြေစိုက်The Thaiger သတင်းက ဖော်ပြထားပါတယ်။

This image has an empty alt attribute; its file name is 393809524_122130109574030934_9157936137847892826_n.jpg

ထိုင်းကယ်ဆယ်ရေးအဖွဲ့ထဲ မြွေနဲ့ပတ်သက်ပြီး ကိုင်တွယ်မှု ကျွမ်းကျင်သူတွေ ရောက်ရှိချိန်မှပဲ အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားရဲ့ ရုပ်ကြွင်းမှာ ရစ်ပတ်ထားတဲ့မြွေကို ပြန်လည်ဖယ်ရှားနိုင်ခဲ့တာဖြစ်ပြီး ဒီ မြွေကို ပြန်ဖယ်ရှားဖို့ ထိုင်းကယ်ဆယ်ရေးသမားတွေက ၂ နာရီခွဲကျော်ကြာ ကြိုးပမ်းခဲ့ရတယ်လို့ Amarin TV ကလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားသေဆုံးပြီး မကြာမီ မြွေကို ခေါင်မိုးနားတွေ့မြင်ခဲ့ရတယ်လို့ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကပြောခဲ့သလို ထိုင်းကယ်ဆယ်ရေးသမားတွေ အကူအညီနဲ့ စပါအုံးမြွေကို ဖမ်းမိခဲ့အပြီးမှာ မြန်မာနိုင်ငံသားရဲ့ ရုပ်အလောင်းကို အောင်မြင်စွာပြန်လည်ရယူနိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

This image has an empty alt attribute; its file name is 393811537_122130109694030934_6816760324978644712_n.jpg

အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသားဟာ ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့အချက်ကို ထိုင်းသတင်းတွေက ဖော်ပြထားတာ မရှိပေမဲ့ သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက သေဆုံးသူရဲ့ ဝိဉာဉ်ဟာ စပါးအုံးမြွေထဲကို ဝင်ရောက်သွားတာ ဖြစ်ဖွယ်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

Ref;Thaiger

Leave a Reply

Your email address will not be published. Required fields are marked *