October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Min Mahar

ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးမှူးတို့ နှစ်ဦးသည် လမ်းဦးစီးဌာနနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား မြင်းခြံခရိုင်လမ်းဦးစီးဌာနသို့ အစစ်ဆေးခံပြီးအပြန်တွင် အမည်မသိလက်နက်ကိုင်များမှ သေနတ်ဖြင့် ပ စ်သ တ်သွားမှု မြင်းခြံမြို့နယ်တွင် ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ အသက် ၅၅ နှစ်အရွယ် မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)နှင့် အသက် ၆၄ နှစ်အရွယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး(ငြိမ်း)တို့ နှစ်ဦးသည် လမ်းဦးစီးဌာနနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား မြင်းခြံခရိုင်လမ်းဦးစီးဌာနသို့ အစစ်ဆေးခံရန် မြင်းခြံမြို့သို့ ယနေ့ (အောက်တိုဘာ ၂၄ ရက်)မနက် ၁၀ နာရီကရောက်ရှိအစစ်ဆေးခံပြီးနောက် ၎င်းတို့နှစ်ဦးသည် Crown အဖြူရောင်မော်တော်ယာဉ်ဖြင့် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မြင်းခြံ-မြို့သာ-တံတားဦးကားလမ်းအတိုင်း ငါန်းဇွန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာအနီးအရောက်၌ အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပ စ်ခ တ်သ တ်ဖြ တ်သွားသဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 392946434_122130119162030934_3270423842945910178_n.jpg

အဆိုပါပစ်ခတ်မှုများကြောင့် လမ်းဦးစီးအရာရှိတွင် နဖူးကို ပွင့်ထွက်သွားသည့် ဒဏ်ရာ ၁ ချက်၊ ပါးစပ်ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပုခုံးပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာဘက်လည်ပင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ပွင့်ထွက် ဒဏ်ရာ ၁ ချက်နှင့် စားသုံးသူရေးရာဦးစီးမှူး(ငြိမ်း)တွင် လည်ကုတ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နဖူးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်နားထင်ကို ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ အသီးသီးဒဏ်ရာများရရှိကာသေဆုံးသွားသဖြင့် သေဆုံးသူတို့၏အလောင်းအား ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ညနေ ၄ နာရီတွင် ပို့ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ဖြစ်စဉ်နေရာအနီးမှ အမ်-၂၂ ကျည်ခွံ ၅ ခုသိမ်းဆည်းရမိခဲ့ကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *