October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Min Mahar

လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည်ထိုင်သောက်နေသော လူလတ်ပိုင်းအမျိုးသားတစ်ဦးအား PDF တစ်ဦးက “သတင်းပေးဒလန်”ဟု စွပ်စွဲကာ သေနတ်ဖြင့် နားထင်ကို ပ စ်သ တ်သွားမှု စစ်ကိုင်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာ ၂၄ ရက်)မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာတွင် နေထိုင်သည့် အသက် ၃၃ နှစ်အရွယ် စိုင်းသူရ(ခ) ကုလားဆိုသူသည် ကျေးရွာအတွင်းရှိ “ရွှေလမ်းဆုံ”လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်ထိုင်သောက်နေစဉ် PDF အမျိုးသား ၁ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာကာ စိုင်းသူရ(ခ) ကုလားအား”သတင်းပေးဒလန်”ဟု ပြောဆို၍ သေနတ်ဖြင့် နားထင်ကို ပ စ် သ တ်သွားပြီး ပန်းချီကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း မျက်မြင်ရွာသားတစ်ဦးက MT News သတင်းဌာနသို့ ပြောပြသည်။

အဆိုပါပစ်ခတ်မှုကြောင့် ၎င်းအမျိုးသားတွင် ယာဘက်နားထင်ကို ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး နေရာတွင် သေဆုံးသွားသဖြင့် အလောင်းအား အနီးဝန်းကျင်ရှိကျေးရွာသားများမှ စစ်ကိုင်းမြို့နယ်ဆေးရုံကြီးသို့ ကျေးရွာလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *