October 19, 2024

MT News

၂၅. ၁၀. ၂၀၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးတွင် စိုက်ထူထားသည့် Mytel တာဝါတိုင်အား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ရွာငံမြို့နယ်၊ အင်တောကျေးရွာအနီးရှိ တောင်ယာခင်းအတွင်း စိုက်ထူထားသည့် Mytel တာဝါတိုင်အား PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတာဝါတိုင်သို့ PDF ၆ ဦး (စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး တာဝါတိုင်ခြံစည်းရိုးအနီး၌ လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် တာဝါတိုင်ခြံစည်းရိုးအဖြစ် ကာရံထားသည့် သွပ်ပြား ၁၆ ချပ်ပျက်စီးဆုံးရှုံးခဲ့ပြီး တာဝါတိုင်နှင့် စက်ပစ္စည်းများ ထိခိုက်မှုမရှိကြောင်း တွေ့ရသည်။

ထိုသို့ Mytel တာဝါတိုင်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည့် PDF များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *