October 19, 2024

၂၅.၁၀.၂၀၂၃
Written By Thandar

မော်ဒယ် သရုပ်ဆောင် ရွှေအိမ်စည်ရဲ့ အသက် ၂၅ နှစ်ပြည့် မွေးနေ့အလှူအဖြစ် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက်ရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာက ကလေးငယ်တွေအတွက် အလှူငွေ ၁၀ သိန်းကျပ်ကို လှူဒါန်းခဲ့ပါတယ်။

“ဒီနှစ်ကိုပါတီမလုပ်ဘဲနဲ့ အလှူလေး လုပ်ချင်တဲ့စိတ်လေးဖြစ်တာနဲ့ စဉ်းစားလိုက်တဲ့အချိန်မှာ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကိုပဲ အရင်တွေးမိတယ်။ ဒီကိုရောက်လာတော့လည်း ကလေးလေးတွေကို မြင်တဲ့အချိန်မှာ သူတို့ကို ချစ်လည်းချစ်တယ်။ သနားလည်း သနားတယ်။ သူတို့ရဲ့ဘ၀လေးတွေကို စာနာနားလည်မိတယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-25_15-01-10-876x1024.jpg

သူမက နှစ်စဉ်မွေးနေ့မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့သလို Birthday Party တွေ ဖြတ်သန်းခဲ့တဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။ ရွှေအိမ်စည်က အရွယ်တစ်ခုရောက်လာတာနဲ့အမျှ ရင့်ကျက်လာသလို အနုပညာလှုပ်ရှားအနေနဲ့ တေးသံရှင် ဇွဲဟိန်းရဲ့ “သူစိမ်း” Official MV မှာလည်း ပါဝင်ထားပါတယ်။

“အမတို့က ကလေးတွေ အများကြီးမွေးလာရတော့ ပင်ပန်းတာတွေရှိတယ်။ စိတ်ညစ်စရာတွေလည်း အများကြီးရှိတယ်။ ကိုယ်ဒီလို ပင်ပန်းတာတွေက ကိုယ့်ရဲ့အနုပညာ ညီအစ်ကိုမောင်နှ‌မတွေက လာလှူရင် ကိုယ့်ကို အသိအမှတ်ပြုတယ်။ ချစ်ပေးကြတဲ့အတွက် ပီတိဖြစ်ပြီး ပိုပြီးတော့ အားရှိတာပေါ့။ ခုလိုလာလှူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အိမ်စည်က တဖြေးဖြေးနဲ့ ရင့်ကျက်လာတယ်လို့ အမမြင်ပါတယ်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *