October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Pan Ei

အမြဲလိုလို လူတွေရဲ့ အာရုံစိုက်မှုကို ခံရလေ့ရှိတဲ့ အပြုအမူတွေ လုပ်ရပ်တွေ လုပ်တတ်လွန်းလို့ လူသိများတဲ့ လူမှုကွန်ရက် X ရဲ့ ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်စ်က အခုအခါမှာလည်း Wikipedia ကို Dickipedia လို့ နာမည်ပြောင်းရင် အမေရိကန် ဒေါ်လာ ၁ ဘီလျံ ပေးမယ်လို့ ပြောဆိုခဲ့ပြီး Wikipedia ရဲ့ လွတ်လွတ်လပ်လပ်တည်းဖြတ်၊ ပြင်ဆင်နိုင်တဲ့ Open- Source ဖွဲ့စည်းပုံကိုလည်း လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။

ခုလိုလှောင်ပြောင်တဲ့ ကမ်းလှမ်းမှုဟာ တူရကီသမ္မတ Recep Tayyip Erdogan ကို ဆင်ဆာဖြတ်တောက်ခြင်းအတွက် Wikipedia တည်ထောင်သူ Jimmy Wales က အီလွန်မက်စ်ကို ဝေဖန်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အီလွန်မက်စ်ရဲ့အပျော်အပျက် ကမ်းလှမ်းချက်ပိုစ့်ဟာ X မှာ လူတွေရဲ့ စိတ်ဝင်စားခြင်းကို အတော်လေး ခံခဲ့ရကာ မျှဝေပြီးကတည်းက သူ့ရဲ့ပို့စ်ဟာ ကြည့်ရှုသူ ၁၇ သန်းကျော်နဲ့ လိုက်ခ် တစ်သိန်းခွဲကျော်ရရှိခဲ့ပါတယ်။

အရင်ကလည်း Meta ပိုင်ရှင် မာ့ခ်ဇူကာဘက်နဲ့ ကြိုးဝိုင်းထဲမှာထိုးဖို့ စိန်ခေါ်ခဲ့ဖူးတဲ့ အီလွန်မက်စ်ဟာ အခုတစ်ခါမှာတော့ Wikipedia ဘက်ကို လှည့်လာခဲ့တာဖြစ်ပြီး X အသုံးပြုသူတစ်ဦးက Wikipedia ကို နာမည်ပြောင်းလိုက်ဖို့နဲ့ ပိုက်ဆံရပြီးရင် နာမည်ပြန်ပြောင်းဖို့ပြောတဲ့အခါမှာတော့ အီလွန်မက်စ်က “(နာမည်ပြောင်းရမှာက) အနည်းဆုံး တစ်နှစ်ပဲ။ ငါက အရူးမှမဟုတ်တာဆိုပြီး” ပြန်လည် မှတ်ချက်ပေးခဲ့ပါတယ်။

Ref; Mint

Leave a Reply

Your email address will not be published. Required fields are marked *