October 19, 2024

၂၅. ၁၀. ၂၀၂၃
Written By Treasure

အောက်တိုဘာ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဆာ ဘော်ဘီချာတန် ကွယ်လွန်သွားခြင်းနဲ့ ပက်သက်ပြီး မန်ချက်စတာယူနိုက်တက်အ‌နေနဲ့အမှတ်တရ အစီအစဉ်တွေကို ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြုလုပ်ခဲ့ပါတယ်။

ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ် မစတင်ခင် နှစ်ဖက်ကစားသမားတွေဟာ အမည်းရောင်လက်ပတ်ကို ဝတ်ဆင်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် တန်ဟက်က အမှတ်တရပန်းစည်းကို ကိုင်ဆောင်လာပြီး ကွင်းလယ်မှာ ချထားခဲ့တဲ့အပြင် နှစ်ဖက်အသင်းကစားသမား‌တွေနဲ့ ပရိသတ်တွေက ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်မှုကို ပြုလုပ်ခဲ့ကျပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-25_14-46-44-1024x538.jpg

၁၉၃၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်က အင်္ဂလန်နိုင်ငံ အက်ရှင်တန်မြို့မှာ မွေးဖွားခဲ့တဲ့ ဘော်ဘီချာတန်ဟာ ၁၉၅၃ ခုနှစ်မှာ မန်စတာယူနိုက်တက်လူငယ်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး FA Youth Cup ကို ၃ နှစ်ဆက်တိုက် ရယူနိုင်‌အောင်စွမ်းဆောင်နိုင်ခဲ့သလို မန်ယူအသင်းကြီးကို ရောက်ရှိချိန်မှာလည်း ၁၇ နှစ်ကြာအောင် ခြေစွမ်းပြကစားပေးခဲ့ပြီး အင်္ဂလိပ် ပထမတန်း ချန်ပီယံဆု ၃ ကြိမ်၊ FAဖလား ၁ ကြိမ် နဲ့ ဒုတိယ ၃ ကြိမ်၊ ချာရတီဒိုင်း နှစ်ကြိမ်၊ ဥရောပဖလား တစ်ကြိမ်တို့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တစ်ယောက်လည်းဖြစ်တဲ့ ဘော်ဘီချာတန်ဟာ ၁၉၉၆ အင်္ဂလန်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့သလို အင်္ဂလန် ဘုရင်မကြီး ချီးမြှင်တဲ့ ဂုဏ်ထူးဆောင် ဆာ ဘွဲ့၊ Ballon d’Or ဆုအပါအဝင် တခြားဆုပေါင်းများစွာကို ရရှိခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-25_14-46-48-821x1024.jpg

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အောက်တိုဘာ ၂၉ ရက်မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ကစားမယ့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာလည်း ဆာဘော်ဘီချာလ်တန်အတွက် အမှတ်တရ အောက်မေ့ဖွယ်အစီအစဉ်ကို ထပ်မံပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *