October 19, 2024

MT News
၂၅. ၁၀. ၂၀၂၃

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အတိုးနှုန်းသက်သာမှုရှိသော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၇)ခုမှ လုပ်ငန်းရှင် ၂၁ ဦးသို့ ချေးငွေ ကျပ် ၁၇၇၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ဒုတိယအကြိမ် အဆိုပြုလွှာများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ ထပ်မံခေါ်ယူထားပြီး ချေးငွေစံသတ်မှတ်ချက်များနှင့်ကိုက်ညီသော လုပ်ငန်းရှင်များသို့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပမှစားသုံးဆီဝယ်ယူတင်သွင်းရမှုကို လျှော့ချနိုင်ရေးတို့အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး လျက်ရှိသည့်နည်းတူ ပြည်တွင်းဆီစက်ကြီးငယ်များကိုလည်း လုပ်ငန်းလည်ပတ်ရန်နှင့် လုပ်ငန်းတိုးချဲ့ရန်အတွက် နိုင်ငံတော်က မတည်ပေးသည့် ရန်ပုံငွေဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းအထိသာ ရယူသော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများကို စည်းမျဉ်းစည်းကမ်းများချမှတ်၍ ထုတ်ချေးပေးလျက်ရှိရာ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ လုပ်ငန်းအဖွဲ့သို့ ဆက်သွယ်၍ ချေးငွေလျှောက်ထားနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *