October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Peya

မြောက်ဦးမြို့နယ်တွင် ဆိုးသွမ်းသူသားကို အဖေက ဓားဖြင့် ခုတ်သ-တ်မိခဲ့ပြီးနောက် နှလုံးရောဂါသည် ဖခင်ကိုယ်တိုင်လည်း ယူကျုံးမရသည့် စိတ်ဖြင့် သေဆုံးသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာ၌ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမှုကို AA က ကိုင်တွယ်နေကြောင်းလည်း သိရသည်။

“အဖေနာမည်က ဦးအောင်မင်းစိန်ပါ။ သူ့မှာက နှလုံးရောဂါ အခံရှိတယ်။ ပြီးတော့ သားကလည်း သူ့ကိုရိုက်တာ နှစ်ခါလောက်ရှိပြီ။ မနေ့က ညနေပိုင်းမှာတော့ သားက သူ့ကို အရင်လို လာပြုမူလို့ သူလည်း လုပ်မိသွားတာ ထင်တယ်။ ဓားနဲ့ ခုတ်သတ်မိသွားတာပါ။ ဒါကြောင့် သားဟာလည်း နေရာမှာ ဆုံးပါတယ်” ဟု ဒေသခံတစ်ဦးက MT News သို့ ပြောသည်။

ထိုသို့ ခုတ်သတ်မိပြီးနောက် ညပိုင်းအချိန်တွင် ဖခင်ဖြစ်သူ ဦးအောင်မင်းစိန် ကွယ်လွန်သွားခြင်းဖြစ်ကာ သားကို သတ်မိသည့် စိတ်ဖြင့် နှလုံးဖောက်ကာ ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *