October 19, 2024

၂၅. ၁၀. ၂၀၂၃
Written By Thandar

အဆိုတော် စိန်လင်း @Toe Tet ရဲ့ အသက် ၄၀ ပြည့် မွေးနေ့ အမှတ်တရလက်‌ဆောင်အနေနဲ့ မိဘနှစ်ပါးအား သိန်းပေါင်း ၂သောင်းကျော်တန်ဖိုးရှိ အိမ်နဲ့ခြံကို ‌ကန်တော့ခဲ့တယ်လို့ MTNews Entertainment ကို ပြောပါတယ်။

သူရဲ့ ဒီမွေးနေ့ အလှူကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ တော်ဝင်နန်းခန်းမမှာ ကျင်းပခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-25_13-16-33-826x1024.jpg

” ဒီနေ့က ကျွန်တော့်ရဲ့ အသက် ၄၀ နှစ်ပြည့်တဲ့ မွေးနေ့လေးပါ။ အသက် ၄၀ ဆိုရင် လူတွေက ဘ၀စတယ်လို့ ပြောကြတယ်။ ဒီနှစ်မှာတော့ ကိုယ်တိုင်လည်း ဘ၀စတဲ့ လူတစ်ယောက် ပြန်ဖြစ်သွားပါတယ်။ စိန်လင်းဆိုပြီး သိခဲ့ရတဲ့ သူတွေအနေနဲ့ စိန်လင်းအပြင် တိုးတက်ဆိုတဲ့ နာမည်လေးကိုပါ ထပ်ပြီး မွေးဖွားထားပါပြီ။ ကျွန်တော် စပရင်းထုတ်ကုန်ကိုကြော်ငြာရိုက်တဲ့ အချိန်မှာ ဦးတိုးတက်ကာရိုက်တာနဲ့ ဇီဇာကြောင်ပြီး အသန့်ကြိုက်တဲ့ လူပျိုကြီးအနေနဲ့ ရိုက်ခဲ့တော့ ကျွန်တော့် ပရိသတ်တွေက ဦးတိုးတက်ဆိုပြီး နောက်ပြီး ခေါ်ကြတယ်။ ဒီနှစ် မွေးနေ့လေးကနေစပြီးတော့ ကျွန်တော့်ကို စိန်လင်းအပြင် ဦးတိုးတက်ဆိုတဲ့ နာမည်လေးနဲ့လည်း ခေါ်လို့ရပါပြီ” လို့ အဆိုတော် စိန်လင်း (ခ) တိုးတက်က ပြောပါတယ်။

ဒီမွေးနေ့ပွဲအခမ်းအနားကို သရုပ်ဆောင် ဆုပန်ထွာနဲ့ သရုပ်ဆောင်ဥက္ကာကျော်၊ အဆိုတော် မေရွက်ဝါ၊ လူရွှင် တော် ကံပွင့် စတဲ့အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-25_13-16-36-1024x869.jpg

အဆိုတော် စိန်လင်းက မွေးနေ့အလှူအဖြစ် မဟာဝိဇယဘုရား၀င်းအတွင်း တော်၀င်နန်းခန်းမရှေ့ ခုနှစ်ရက်သားသမီးတွေနဲ့ အတူ စုပေါင်းပြီးတော့ သံဃာတော်အပါး ၂၀ ဆွမ်းလောင်းလှူခဲ့တယ်လို့ သိရပါတယ်။

“ကိုဗစ်ဖြစ်တဲ့အချိန်မှာ စိတ်ထဲမှာ ကြောက်သွားတာဘာလဲဆိုရင် ကိုယ့် မိဘအတွက် ၁၅ နှစ်၀န်းကျင်လောက် အလုပ်ကို နေ့မအားညမအား ကြိုးစားလာခဲ့တယ်။ အမေတို့အတွက် လစဉ် အိမ်စရိတ်၊ ဆေးဖိုးဝါးခပဲ ပေးနိုင်တာပဲရှိတယ်။ လူငယ်ဘ၀ကတည်းက အဖေနဲ့ အမေကို ခြံနဲ့၀န်းနဲ့ ကောင်းကောင်း မွန်မွန်ထားမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားလာခဲ့တယ်။ ကိုဗစ်မဖြစ်ခင်တုန်းက ဒါကို အကောင် အထည်မဖော်ဖြစ်ဘူး။ ကိုဗစ်ဖြစ်ပြီးတဲ့အချိန်မှာ ငါဒါကို အကောင်ထည် မဖော်ဖြစ်ရင် နောင်တရမယ်ဆိုတဲ့ အတွေး၀င်သွားတာကြောင့်လည်း ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *