October 19, 2024

၂၅. ၁၀. ၂၀၂၃
Written by Ye Kyaw

သီတင်းကျွတ်ပိတ်ရက် ကာလအတွင်း ရထားစီးခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ အောက်တိုဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ရန်ကုန်-မော်လမြိုင်-ရန်ကုန် သီတင်းကျွတ်အထူးရထား အစုန်/အဆန် ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာထားသည်။

လက်ရှိတွင် မော်လမြိုင်ဘူတာမှ ထွက်ခွာသည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာမှ ထွက်ခွာသည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တို့အတွက် ရထားနှစ်စီးဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။

သီတင်းကျွတ်ရုံးပိတ်ရက် ကာလအတွင်း ထပ်တိုးပြေးဆွဲပေးမည့် ရထားအမှတ်ကိုလည်း အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် အထူးရထားအမည်ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး မော်လမြိုင်ဘူတာမှ နံနက် ၉ နာရီ ၃၀ တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်သည်။

လက်မှတ်များအား အထက်တန်းအတွက် သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်၍ လည်းကောင်း မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှ နေ့လည် ၃ နာရီထိရောင်းချ ပေးသွားမည်ဖြစ်သည်။ လက်မှတ်ဝယ်ယူရာတွင် မှတ်ပုံတင်မှုရင်းပြကာ ဝယ်ယူရမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန်သို့ ရိုးရိုးတန်း ၃၅၅၀ ကျပ်နှင့် အထက်တန်း ၇၀၅၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

ထပ်တိုးပြေးဆွဲပေးမည့်ရထားအနေဖြင့် ကြားဘူတာများဖြစ်သော မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး စသည့်ဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်ပုံမှန်ပြေးဆွဲပေးနေသည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားအချိန်သည် ပုံမှန်အချိန်အတိုင်း မော်လမြိုင်ဘူတာမှ နံနက် ၈ နာရီ ၃၀ မိနစ်တွင် စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးသို့ ညနေ ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *