October 19, 2024

၂၄. ၁၀. ၂၀၂၃

Written by Pan Ei

ကမ္ဘာ့အသက်အကြီးဆုံး ခွေးလေးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် Bobi ဟာ ပေါ်တူဂီနိုင်ငံမှာ သေဆုံးသွားခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က တနင်္လာနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။

၁၉၃၉ ခုနှစ်က အသက်၂၉ နှစ်နဲ့ ၅ ရက် အကြာမှာ သေဆုံးခဲ့တဲ့ ဩစတြေးလျနိုင်ငံက အသက်အရှည်ဆုံးခွေးလေးဖြစ်ခဲ့တဲ့ Bluey ရဲ့ ရာစုနှစ်တစ်ခုနီးပါးရှိခဲ့တဲ့ ဂင်းနစ်စံချိန်ကို ပေါ်တူဂီနိုင်ငံအလယ်ပိုင်းရှိ ရွာတစ်ရွာမှာ ၃၁ နှစ်နဲ့ ၁၆၅ ရက်ကြာ နေထိုင်ခဲ့တဲ့ ခွေးလေး Bobi က ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက် ကမ္ဘာ့အသက်အကြီးဆုံးခွေးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

This image has an empty alt attribute; its file name is 395409920_122121883418040280_2280344751748839596_n.jpg

“သမိုင်းတစ်လျှောက် ခွေးတစ်ကောင်ရဲ့ သက်တမ်းကို ကျော်လွန်ခဲ့ပေမဲ့ ကမ္ဘာပေါ်က သူ့ရဲ့ရက်ပေါင်း ၁၁,၄၇၈ ရက်ဟာ သူ့ကို ချစ်တဲ့သူတွေအတွက် ဘယ်တော့မှ မလုံလောက်ပါဘူး” လို့ Bobi နဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် Karen Becker က ပြောကြားခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ကလည်း Bobi ရဲ့ ဇာတ်လမ်းကို အံ့ဖွယ်အဖြစ်ဖော်ပြခဲ့ကာ “သူဟာ လွမ်းဆွတ်ခံရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေး ခွေးမျိုးစိတ်တွေရဲ့ပုံမှန်သက်တမ်းက ၁၂ နှစ်ကနေ ၁၄ နှစ်အထိဖြစ်ပြီး ပေါ်တူဂီ မျိုးသန့်မျိုးရိုးဖြစ်တဲ့ Bobi ကတော့ ပုံမှန်ခွေးတွေထက် သက်တမ်းနှစ်ဆကျော်အထိ အသက်ရှင်နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။

လမ်းလျှောက်ရတာကို နှစ်သက်တဲ့ Bobi ဟာ မသေဆုံးမီမှာ စွန့်စားမှုနည်းပါးခဲ့ပြီး သူ့အမွေးတွေ ပါးလာကာ မျက်စိမှုန်လာခဲ့သလို အရင်ကထက် ပိုအနားယူဖို့ လိုအပ်ခဲ့တယ်လို့ Bobi ရဲ့ ပိုင်ရှင် ကိုစတာက ပြောခဲ့ပြီး မေလက ကျင်းပခဲ့တဲ့ Bobi ရဲ့ ၃၁ နှစ်မြောက် မွေးနေ့ပါတီကိုလည်း လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *