October 19, 2024

၂၄. ၁၀. ၂၀၂၃

Written By Thandar

“ပါလေရာ တာတီး” ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို ယနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်နဲ့ ကိုမြင့်မြတ်နဲ့က ဒီဇာတ်ကားမှာ ဆရာတပည့် ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ သူက တာတီး။ ကျွန်တော်က ဖက်တီးနေရာကပေါ့။ ရပ်ကွက်ထဲမှာ နေရာတကာမှာပါတဲ့ ပါလေရာ ငပိချက်က ကိုမြင့်မြတ်ပါ။ တစ်ကားလုံးကို နှစ်ယောက်တွဲ ပါနေရတာပါ။

တစ်နေ့ တစ်နေ့ အလုပ်မရှိ အကိုင်မရှိ လက်ကြောတင်းအောင်လည်း အလုပ်မလုပ်ဘူးပေါ့။ ပျော်စရာ ဟာသပုံစံလေး ရိုက်ကူးထားပါတယ် ” လို့ သရုပ်ဆောင် ကေညီက ပြောပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ပြည်ဟိန်းသီဟက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ် ၊ အိချောပို ၊ ကေညီ ၊ ရွှေအိုး ၊ဖိုးသဲ ၊ အိုကေ ၊ အေးချမ်း ၊ စိုပြေ ၊ စံလင်း ၊ ပြုံးချို ၊ ဒိုမီနို ၊ ယုဇနနိုင်ဝင်း ၊ အေးသီတာ ၊ ပိုးပိုး ၊ စိုးကြီး ၊ ဝင်းဇော်ဟိန်း တို့နဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါ တယ်။

“ပါလေရာ တာတီး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၂၇ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *